Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ကိုမို - အတ္တလန်တာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၈:၃၀ နာရီ)
ကိုမိုက နောက်ဆုံးပွဲမှာ အူဒီးနီးစ်ကို အနိုင်ကစားပြီး အဆင့်(၁၃)နေရာအထိ ပြန်တက်လာတယ်။ ဒါ့အပြင် လာမယ့် ပွဲစဉ်တွေမှာ အယ်လီပွဲထွက်လာနိုင်ပြီး ကိုမိုရဲ့ ကစားပုံပိုကောင်းလာနိုင်တယ်။ အတ္တလန်တာကတော့ (၄)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ကိုမိုကိုပဲ ကြိုက်တယ်။


နာပိုလီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၁၁:၃၀ နာရီ)
နည်းပြ ကွန်တီရဲ့ နာပိုလီက အထင်ကြီးစရာ ကစားပုံကိုပြနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေတယ်။ ခါဗရာစကယ်လီယာမရှိတော့ပေမဲ့ နေးရိစ်က အသင်းအတွက် အတော်လေးကို အားထားရပါတယ်။ ဂျူဗင်တပ်စ်ကလည်း နောက်ဆုံးပွဲမှာ အေစီမီလန်ကို ချီးကျူးစရာကစားပုံနဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ကစားထားရတာကြောင့် ဂျူဗင်တပ်စ်အသင်းပွဲပန်းနေနိုင်ပြီး အဝေးကွင်းဆိုရင်လည်း ဂျူဗင်တပ်စ်ရဲ့တိုက်စစ်က ရုန်းကန်ရတတ်တယ်။ နာပိုလီ သရေနဲ့ အနိုင်ပါပဲ။


အမ်ပိုလီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် နံနက် ၂:၁၅ နာရီ)
အမ်ပိုလီက နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိရှုံးခဲ့ပြီး တန်းဆင်းဇုန်က အသင်းနဲ့တောင် တစ်မှတ်ပဲ ကွာတော့တယ်။ ဘိုလော့ဂ်နာက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့အသင်းပါ။ ဘိုလော့ဂ်နာပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group