Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လိုက်ပ်ဇစ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၀၀ နာရီ)
အံ့အားသင့်စရာကောင်းတာက ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၃)ပွဲဆက် (၃-၂)ဂိုးရလဒ်တွေပဲ ထွက်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံး လေဗာကူဆင်က အနိုင်ယူထားခဲ့ပြီး ပထမအကျော့မှာတော့ လိုက်ပ်ဇစ်အသင်းက အဝေးကွင်းမှာ ပြန်အနိုင်ရခဲ့တယ်။ လိုက်ပ်ဇစ်အသင်း နောက်ဆုံး(၄)ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပေမဲ့ အိမ်ကွင်းမှာတော့ နှစ်ပွဲဆက် အနိုင်ကစားထားတာ သတိပြုရမယ်။ လက်ရှိခြေ စွမ်းမှာတော့ နိုင်ပွဲဆက်နေတဲ့ လေဗာကူဆင်အသင်း အိမ်ရှင်ထက် ပိုသာပါတယ်။ အိမ်ကွင်းမှာတော့ လိုက်ပ်ဇစ်အသင်း သရေလောက်ရနိုင်တယ်။


ဒေါ့မွန် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၀၀ နာရီ)
နည်းပြ ဆာဟင်ကို ထုတ်ပယ်ထားတဲ့ ဒေါ့မွန်အသင်းကို ယာယီနည်းပြ ကိုင်တွယ်မှာဖြစ်တယ်။ ဝါဒါဘရီမင်ကလည်း နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းပါ။ အိမ်ရှင် ဒေါ့မွန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။


ဖရိုင်းဘတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက အမှတ်ပေးပွဲ နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ထားပေမဲ့ အိမ်ကွင်းရလဒ်တော့ အတော်လေးကောင်းပါတယ်။ အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ မိန့်ဇ်ကိုသာ သရေကျပြီး (၄)ပွဲ အနိုင်ကစားခဲ့တယ်။ ဘိုင်ယန်ကလည်း ဖရိုင်းဘတ်ကွင်းမှာ ၂၀၁၅ ခုနှစ်က နောက်ဆုံးအရေးနိမ့်ထားတာဖြစ်ပြီး အစဉ်အလာပိုင်းမှာ အတော်လေးသာနေပါတယ်။ ဘိုင်ယန်ပဲ ကြိုက်တယ်။


အော့စ်ဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်က အိမ်ကွင်း(၂)ပွဲဆက် ရှုံးထားပေမဲ့ လေဗာကူဆင်၊ စတုဂတ်အသင်းတွေကို အရေးနိမ့်ခဲ့တာပါ။ ဒီတစ်ပွဲတော့ အော့စ်ဘတ် အိမ်ကွင်းနိုင်ပွဲ ပြန်ရနိုင်တယ်။


မိန့်ဇ် - စတုဂတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်းက အဝေးကွင်း(၂)ပွဲဆက် အရေးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာတော့ စောင့်ကြည့်ရမယ့်အနေအထားပါ။ စတုဂတ်ကတော့ လတ်တလောမှာ မိန့်ဇ်ထက် ရလဒ်ပိုကောင်းနေတယ်။ မိန့်ဇ် မရှုံးနိုင်ပါဘူး။


မိုချန်ဂလာဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၁၂:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း ပွဲကျပ်တွေ ဆက်တိုက်ကစားရပြီး ရှုံးပွဲဆက်ခဲ့တယ်။ ဘိုဟုမ်က လတ်တလော ရလဒ်တွေ ပိုကောင်းပေမဲ့ မိုချန်ပဲကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group