
မိုနာကို - ရန်းစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၁၀:၃၀ နာရီ)
မိုနာကိုက အကျပိုင်းရောက်လာပြီး နောက်ပိုင်းပွဲတွေမှာ နိုင်သင့်တဲ့ပွဲတွေကိုလည်း အနိုင်မကစားနိုင်ခဲ့ဘူး။ ရန်းစ်ကလည်း လီဂူးအဝေးကွင်း (၄)ပွဲဆက် ရှုံးထားတယ်။ ဒီပွဲတော့ မိုနာကို နိုင်ပွဲပြန်ရသင့်ပါပြီ။
စထရာဘိုး - လိုင်လီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် နံနက် ၀၀:၃၀ နာရီ)
ပထမအကျော့တွေ့ဆုံမှုကိုကြည့်ရင် လိုင်လီအတွက် ခက်ခဲခဲ့ပြီး သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။ လက်ရှိစထရာဘိုးရဲ့ မာကျောမှုနဲ့ စုစည်းမှုက လိုင်လီကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်။ သရေကျဖို့များတယ်။
PSG - Reims (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် နံနက် ၂:၃၅ နာရီ)
PSG က လီဂူးနောက်ဆုံး (၄)ပွဲဆက် အနိုင်ရခဲ့ပေမဲ့ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ Reims က သာမန် ထက်မပိုတဲ့အသင်းဖြစ်ပေမဲ့ PSG ကပ်နိုင်ဖို့ပဲ များတယ်။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်တယ်။