Eleven Media Group

■ လာလီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဗယ်လက်ကာနို - ဂျီရိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၇:၃၀ နာရီ)
ဂျီရိုနာက ချန်ပီယံလိဂ်နဲ့ အလုပ်များနေတယ်။ ချန်ပီယံလိဂ်မှာ အခြေအနေမကောင်းပေမဲ့ တတ်နိုင်သမျှ ရုန်းနေလို့ လာလီဂါဘက် အာရုံလျော့နေနိုင်တယ်။ ဗယ်လက်ကာနိုက ဒီရာသီမှာ အိမ်ကွင်းငြိမ်လို့ ဂျီရိုနာကို အနိမ့်ဆုံသရေကစားဖို့ မခက်လောက်ဘူး။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ရွေးထားရမယ်ထင်တယ်။


ဆိုစီဒက် - ဂီတာဖေး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၉:၄၅ နာရီ)
အခုနောက်ပိုင်းမှာ ဆိုစီဒက်အသင်းက အိမ်ကွင်းဆိုရင် ပိုပြီးစိတ်ချရသလို ဖြစ်နေတယ်။ တိုက်စစ်ကလည်း အိမ်ကွင်းမှာဆိုရင် ဂိုးတွေရအောင် ပိုကစားလာနိုင်တယ်။ ဂီတာဖေးကလည်း နှစ်အကူးမှာ ကစားအားပြန်တက်လာနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဂီတာဖေးက တိုက်စစ်က ဂိုးသွင်းအားနည်းလို့ ခံစစ်ငြိမ်တဲ့ ဆိုစီဒက်ကို ဂိုးရဖို့ လွယ်မယ်မထင်ဘူး။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။


ဘီလ်ဘာအို - လီဟာနက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၁၂:၀၀ နာရီ)
ဘီလ်ဘာအိုကတော့ လာလီဂါဘက်ကို ပိုပြီးအားစိုက်လာနိုင်တယ်။ ဘာစီလိုနာနဲ့လည်း အမှတ်တူသွားပြီဆိုတော့ ထိပ်ဆုံး (၄) သင်းဝင်ခွင့်အတွက် ဘီလ်ဘာအို မျှော်လင့်ပြီး ကစားဖို့လည်း များနေတယ်။ လီဟာနက်စ်က ကစားပုံမာကျောပြီး အက်သလက်တီကိုအသင်းကိုတောင် အနိုင်ယူထားလို့ ဘီလ်ဘာအို ဂရုတစိုက်တော့ ရင်ဆိုင်ရဖို့ များနေတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ရွေးထားမယ်။


ဘာစီလိုနာ - ဗလင်စီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၇ ရက် နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာကတော့ လာလီဂါမှာ နာလံပြန်မထူနိုင်သေးသလို ဖြစ်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ (၈) ပွဲမှာ နိုင်ပွဲ (၁) ပွဲသာရထားပြီး အိမ်ကွင်းမှာ ရှုံးပွဲဆက်နေတာလည်း (၃) ပွဲတောင် ရှိနေပြီ။ ဒါကြောင့် လာလီဂါအိမ်ကွင်းရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ဖို့ ဒီပွဲမှာ ပိုအားထည့်လာနိုင်တယ်။ လာလီဂါ အသင်းတွေကလည်း ဘာစီလိုနာကို မရှုံးအောင် ဘယ်လိုကစားရမလဲဆိုတာ သဘောပေါက်လာချိန်လို ဖြစ်နေလို့ ဘာစီလိုနာ အခုပွဲကိုလည်း အနိုင်ရရေးအတွက် အတော်လေး ရုန်းကန်ရဦးမယ်။ ဗလင်စီယာကလည်း ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားတဲ့အပြင် ခံစစ်ပိုင်းက လည်း တိုးတက်လာနေလို့ ဘာစီလိုနာ အရင်ပွဲတွေလိုပဲ ဂိုးရအောင် ခက်ခက်ခဲခဲ ကစားယူရလိမ့်မယ်။ ဘာစီလိုနာ နိုင်ရင်တောင် ဂိုးပြတ်မယ်မထင်ဘူး။

မူရင်းသတင်း — Eleven Media Group