Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လူအယ်ဗာ - ဘရက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၈:၃၀ နာရီ)
လူအယ်ဗာက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ အားနည်းချက်တွေ အရမ်းများတယ်။ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ ခြေတက်နေတဲ့ ဘရက်စ်ကို သရေတောင်ရဖို့ မလွယ်ပါဘူး။


နန့်စ် - လိုင်ယွန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၁၀:၄၅ နာရီ)
နန့်စ်က တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကိုရောက်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းကစားပုံလည်း မဆိုးပါဘူး။ လိုင်ယွန်က ဥရောပဝင်ခွင့်ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပေမဲ့ သရေကျသွားရင်လည်း အံ့ဩစရာမရှိဘူး။


တူးလူး - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၁၀:၄၅ နာရီ)
တူးလူးက အိမ်ကွင်းကစားပုံ မာကျောကျစ်လျစ်တယ်။ မောင့်ပယ်လီယာက နောက်ဆုံးပွဲမှာ မိုနာကိုကို နိုင်ခဲ့ပေမဲ့ တူးလူးပဲ ကြိုက်တယ်။


လန်းစ် - အန်ဂါစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ည ၁၀:၄၅ နာရီ)
လန်းစ်က အန်ဂါစ်နဲ့ တွေ့တဲ့ လီဂူးနောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ အန်ဂါစ်ကလည်း နိုင်ပွဲတွေ ပြန်ရနေပြီး တစ်ပွဲထက် တစ်ပွဲပိုကောင်းလာတဲ့ အသင်းပါ။ ဒါပေမဲ့ လန်းစ် ကပ်နိုင်ဖို့တော့ ရှိပါတယ်။


နိုက်စ် - မာဆေးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် ၂၇ ရက် နံနက် ၂:၁၅ နာရီ)
နိုက်စ်က လီဂူးနောက်ဆုံးပွဲမှာ လိုင်လီကို ရှုံးခဲ့ပေမဲ့ အားရစရာပုံစံတစ်ခုကို ပြသနေတုန်းပဲ။ သူတို့ရဲ့ တိုက်စစ်က သွင်းဂိုးတွေအတွက် အမြဲအဆင်သင့်ရှိနေတယ်လို့ ဆိုရမှာဖြစ်ပြီး ဝါရင့်တိုက်စစ်မှူး လာဘော်ဒီကိုယ်တိုင်လည်း အကောင်းဆုံးပုံစံပြနေတယ်လို့ ဆိုနိုင်ပါတယ်။ နည်းပြ ဒီဇယ်ဘီရဲ့ မာဆေးလ် ကလည်း ဒီရာသီမှာ ပိုကောင်းလာတဲ့အသင်းဖြစ်ပြီး လီဂူးအဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုရာသီ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ နိုက်စ်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကြောင့် မာဆေးလ် ခက်ခက်ခဲခဲကစားရမယ်။ နိုက်စ်အသင်း ရလဒ်ကောင်းလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group