
မန်စီးတီးဂိုးသမား အီဒါဆန်သည် ချယ်လ်ဆီးနှင့်ပွဲတွင် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားသည့် ရော်ဘင်ဆင်ကို လိုက်မီသွားခဲ့ကြောင်း သိရသည်။
အီဒါဆန်သည် ချယ်လ်ဆီးအသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲ ၌ ဟာလန်းသွင်းယူသည့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ပရီးမီးယားလိဂ်၌ (၅)ကြိမ်မြောက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်း(၄)သင်းအတွက် ယှဉ်ပြိုင်ခဲ့ဖူးသည့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ရော်ဘင်ဆင်၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
အီဒါဆန် သည် မူလက စပိန်ဂိုးသမား ရေနာ၊ အင်္ဂလန်ဂိုးသမား ဒေးဗစ်ဆီးမင်းတို့နှင့်အတူ ဖန်တီးမှု(၄)ကြိမ်စီဖြင့် ဒုတိယနေရာ၌ ပူးတွဲရပ်တည်ခဲ့ရာမှ ယခုအခါ ရော်ဘင်ဆင်နှင့်အတူ ပထမနေရာတွင် ပူးတွဲရပ်တည်နိုင်ခြင်းဖြစ်သည်။
သို့သော် အီဒါဆန်က ဂိုးဖန်တီးမှု (၅)ကြိမ်ကို ပွဲပေါင်း(၂၆၆)ပွဲယှဉ်ပြိုင်အပြီးတွင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရော်ဘင်ဆင်မှာ (၃၇၅)ပွဲ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဂိုးဖန်တီးမှုအများ ဆုံးဂိုးသမားစာရင်း၏ တတိယနေရာတွင် ရှမိုက်ကယ်၊ ဂျက်စကယ်လိုင်နန်၊ ခရော့စလေ၊ အယ်လစ်ဆန်နှင့် တင်မ်ဟောင်းဝပ် တို့က (၃)ကြိမ်စီဖြင့် ပူးတွဲရပ်တည်လျက်ရှိသည်။