
အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်သည် ဘရိုက်တန်အသင်းအား အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် နည်းပြဘဝ ပရီးမီးယားလိဂ်ပွဲ(၇၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် ဒေးဗစ်မွိုက်စ်ထက် ပွဲအရေအတွက် ပိုမိုများပြားသည့်နည်းပြအဖြစ် အာစင်ဝင်းဂါး(၈၂၈ ပွဲ)နှင့် ဖာဂူဆန်(၈၁၀ ပွဲ)တို့နှစ်ဦးသာ ရှိတော့ကြောင်း သိရသည်။
ဒေးဗစ်မွိုက်စ်သည် အဲဗာတန်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပရီးမီးယားလိဂ်ပွဲ(၇၀၀) ပြည့် မြောက်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ထူးခြားသည့် မှတ်တိုင်စိုက်ထူနိုင်ခြင်းနှင့် ပွဲ(၇၀၀)ပြည့်တွင် နိုင်ပွဲရရှိခဲ့ခြင်းအတွက် အလွန်ဂုဏ်ယူကျေနပ်မိသည်ဟု ဒေးဗစ်မွိုက်စ် က ပြောကြားခဲ့သည်။