Eleven Media Group

ရီးယဲလ်သမိုင်း၌ စတုတ္ထအမြန်ဆုံး လာလီဂါဟက်ထရစ်ရှင်အဖြစ် ဘာပေမှတ်တမ်းဝင်ခဲ့ပြီး စီရော်နယ်လ်ဒို၏ ပွဲဦးထွက်ရာသီ သွင်းဂိုးအရေအတွက်ကိုကျော်ဖြတ်နိုင်ဖွယ်ရှိ

Photo: Getty Images

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေသည် ဗယ်လာဒိုလစ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် အသင်းသမိုင်းတွင် စတုတ္ထအမြန်ဆုံး လာလီဂါဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နာမည်ကျော် စီရော်နယ်လ်ဒို၏ ရီးယဲလ်ပွဲဦးထွက်ရာသီ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

အသက် (၂၆) နှစ်အရွယ် ပြင် သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ သည် ပြီးခဲ့သည့်နွေတွင် PSG အသင်း မှ ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ ကြေးအလွတ်ဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် ရာသီအစတွင် ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ပြိုင်ပွဲစုံနောက်ဆုံး (၁၂)ပွဲတွင် (၁၂) ဂိုးသွင်းပြီး ခြေစွမ်းပြနေသည်။

ဘာပေသည် ဇန်နဝါရီ (၂၅) ရက်က ဗယ်လာဒိုလစ်အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရသည့် လာလီဂါအဝေးကွင်းပွဲစဉ်တွင် ရီးယဲလ်အတွက် အနိုင်ဂိုး (၃) ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ဟက်ထရစ် ရရှိခဲ့သည်။ ဘာပေအနေဖြင့် လာလီဂါ (၁၉) ပွဲ ကစားပြီးချိန်တွင် ဟက်ထရစ်(၃ ဂိုး) ရရှိခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းတွင် စတုတ္ထအမြန်ဆုံး လာလီဂါဟက်ထရစ်သွင်းသူ ဖြစ်လာခဲ့သည်။

ရီးယဲလ်သမိုင်းတွင် အမြန်ဆုံးဟက်ထ ရစ်သွင်းထားသူများမှာ နစ္စတယ်ရွိုင်း (၂ ပွဲ)၊ ဂါရတ်ဘေးလ် (၉ ပွဲ)နှင့် အဒီ ဘာယော (၁၄ ပွဲ)တို့ ပွဲဖြစ်သည်။ စီရော်နယ်လ်ဒိုမှာမူ လာလီဂါ (၂၇) ပွဲမြောက်တွင်မှ ဟက်ထရစ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာပေသည် ရီးယဲလ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၂၁) ဂိုးသွင်းယူထားပြီး ပွဲစဉ်အများကြီးကစားရန် ကျန်ရှှိနေသေးရာ စီရော်နယ်လ်ဒို၏ ရီးယဲလ်ပွဲဦးထွက်ရာသီ သွင်းဂိုး (၃၅ ပွဲ၊ ၃၃ ဂိုး)အရေအတွက်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group