
ဗင်နီဇီယာ နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး ပထမအကျော့တွေ့ဆုံမှုကို ကြည့်ရင် ဗီရိုနာအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဗင်နီဇီယာအတွက် အခုပွဲက ပိုအရေးကြီးပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဗင်နီဇီယာကိုပဲ ရွေးချယ်ချင်တယ်။
ဂျီနိုအာ နှင့် မွန်ဇာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဂျီနိုအာက အိမ်ကွင်းနောက်ဆုံး (၅)ပွဲမှာ နာပိုလီတစ်သင်းတည်းကိုပဲ ရှုံးခဲ့ပြီး ပါးမားကို နိုင်ခဲ့တယ်။ မွန်ဇာကတော့ တကယ်ကိုစိတ်ပျက်စရာကောင်းနေပြီး အဝေးကွင်း (၄)ပွဲဆက်ရှုံးထားတယ်။ ဂျီနိုအာပဲ နိုင်လိမ့်မယ်။
အလာဗတ်စ် နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ဆယ်လ်တာဗီဂိုရဲ့ လက်ရှိခြေစွမ်းက တည်ငြိမ်မှု မရှိသေးသလို၊ အဝေးကွင်းဆိုရင် ပိုပြီးရုန်းကန်ရတတ်တယ်။ အလာဗတ်စ်က အိမ်ကွင်းမာတဲ့ အသင်းဖြစ်လို့ ဆယ်လ်တာဗီဂိုအနေနဲ့ ဒီပွဲမှာ အနိုင်ရဖို့ မဖြစ်နိုင်လောက်ဘူး။ အလာဗတ်စ်နဲ့ ဂိုးအများပဲ ရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။