
■ မန်စီးတီး နှင့် ဘရုဂေး
မန်စီးတီးအသင်းက အမှတ်ပေးဇယားအဆင့် ၂၅ နေရာမှာ ရပ်တည်နေတယ်။ ဒီပွဲမှာသာ သရေကျခဲ့ရင် မန်စီးတီးက ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ်။ အနိုင်ရခဲ့ရင်တော့ Play-offs ပွဲစဉ်တွေကို ကစားခွင့်ရမယ်။ အသင်းရဲ့ ဦးတည်ရာကရှင်းပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မန်စီးတီးက နိုင်ပွဲမဖြစ်မနေ ရယူနိုင်ဖို့လိုနေတယ်။ ဘရုဂေးကတော့ မန်စီးတီးရဲ့အထက် အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး၊ ရမှတ် ၁၁ မှတ်ရထားတယ်။ မန်စီးတီးဆီက သရေတစ်မှတ်ယူနိုင်ရင် နောက်တစ်ဆင့်တက်သွားမယ်။ ရှုံးခဲ့ရင်တော့ အခြားပွဲရလဒ်တွေကို စောင့်ကြည့်ရမှာဖြစ်တယ်။ စီးတီးက နောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို ဂိုးပြတ်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းတည်ငြိမ်လာတယ်။ ဒီပွဲကတော့ မန်စီးတီး မဖြစ်မနေအနိုင်ကစားလိမ့်မယ်။
■ စတုဂတ် နှင့် PSG
စတုဂတ်က အိမ်ကွင်း MHP Arena မှာ PSG အသင်းကို လက်ခံကစားရမယ်။ စတုဂတ်က လက်ရှိ အမှတ်ပေးဇယား အဆင့် ၂၄ နေရာမှာ ရပ်တည်နေပြီး ရမှတ် ၁၀ မှတ်ယူထားတယ်။ Goal Difference ကတော့ -၁ ဖြစ်နေတယ်။ PSG က လည်း ရမှတ်တူ၊ ၁၀ မှတ်နဲ့ အဆင့် ၂၂ နေရာမှာ ရပ်တည်နေတယ်။ စတုဂတ်က ဘွန်ဒစ်လီဂါမှာ နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ပြီး မိန့်ဇ်နဲ့ ပွဲမှာတော့ နိုင်ပွဲဆက် စံချိန်ရပ်တန့်ခဲ့တယ်။ PSG အသင်းကလည်း နိုင်ပွဲတွေ ဆက်နေရာက မန်စီးတီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ Reims ကိုတော့ သရေပဲ ကစားနိုင်ခဲ့တယ်။ ဒီပွဲမှာ သရေကျခဲ့ရင် PSG အတွက် အခြေအနေကောင်းပေမယ့် စတုတ်ဂတ်ရလဒ်ဆိုးသွားနိုင်တယ်။ ဒါကြောင့် စတုဂတ်အနိုင်ကစားဖို့ ကြိုးစားမယ်။ စတုဂတ်မရှုံးနိုင်တာတော့သေချာတယ်။
■ အက်စတွန်ဗီလာ နှင့် ဆဲလ်တစ်
အက်စတွန်ဗီလာက အိမ်ကွင်းပွဲမှာ ဆဲလ်တစ်ကိုသာ အနို်င်ကစားလိုက်ရင် အက်သလက်တီကို၊ အေစီမီလန်၊ အတ္တလန် တာ၊ လေဗာကူဆင် ၄ သင်းထဲက တစ်သင်းခြေချော်တာနဲ့ ထိပ်ဆုံး ၈ သင်းထဲကို ရောက်မယ်။ ဆဲလ်တစ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး Play-offs အဆင့်ကို သေချာနေတဲ့အသင်းပါ။ ဒါကြောင့် အက်စတွန်ဗီလာက အမှတ်လည်း ပိုလိုအပ်နေတဲ့ အခြေအနေဖြစ်သလို၊ ရလဒ်နဲ့ ခြေစွမ်းလည်း ပိုကောင်းတယ်။ အိမ်ကွင်းလည်းဖြစ်နေတယ်။ နိုင်ပွဲယူမယ်။
■ ဘာစီလိုနာ နှင့် အတ္တလန်တာ
ဘာစီလိုနာက တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ သေချာထားတဲ့အသင်းဖြစ်ပြီး အတ္တလန်တာကအသင်းကတော့ ဒီပွဲမှာသာ ရှုံးခဲ့ရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့် အဆင့်ကနေ လျော့ကျသွားနိုင်သလို၊ သရေကျရင်တောင် စိတ်မချရတဲ့ အခြေအနေ ဖြစ်တယ်။ ဒါပေမဲ့ နိုင်ပွဲမရပဲ တိုက်ရိုက်ခြေစစ်ပွဲအောင်တာလည်း ဖြစ်နိုင်ပါသေးတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဘာစီလိုနာက ပိုကောင်းနိုင်ပေမယ့် အတ္တလန်တာကလည်း အဆိပ်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ ဘာစီလိုနာပဲ ကပ်နိုင်မယ်။
■ လေဗာကူဆင် နှင့် စပါတာပရပ်ဂ်
လေဗာကူဆင်က ၇ ပွဲကစားပြီး ၁၃ မှတ် ရထားတယ်။ အ ဆင့် ၈ နေရာမှာ ရပ်တည်နေတယ်။ ဒီပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် အဆင့် ၈ သို့မဟုတ် အဆင့် ၈ ထက်ပို ကောင်းတဲ့ ရလဒ်နဲ့ အဆုံးသတ်မှာဖြစ်တယ်။ စပါတာပရပ်ဂ်က မျှော်လင့်ချက်မရှိတော့တဲ့အသင်းပါ။ လေဗာကူဆင်နဲ့လည်း ခြေစွမ်းကွာခြားတယ်။ လက်ရှိ အချိန်မှာ လေဗာကူဆင်ရဲ့ Rhythm က နည်းနည်းလေး ကျနေပေမယ့် ဒီပွဲကိုတော့ လေဗာကူဆင် ဂိုးပြတ်သွင်းလိမ့်မယ်။
■ ဂျီရိုနာ နှင့် အာဆင်နယ်
မနှစ်က လာလီဂါမှာ ခြေစွမ်းပြခဲ့တဲ့ ဂျီရိုနာက ဒီရာသီတော့ မနှစ်ကခြေစွမ်းမျိုးမပြနိုင်ခဲ့ဘူး။ ချန်ပီယံလိဂ်မှာလည်း အုပ်စုပွဲ စဉ် ၇ ပွဲပြီးဆုံးချိန်မှာ ၁ ပွဲသာနိုင်ပြီး ၆ ပွဲရှုံးခဲ့တာကို တွေ့ရတယ်။ ဒီ ၇ ပွဲမှာလည်း သွင်းဂိုး စုစုပေါင်းက ၄ ဂိုးပဲ ရှိခဲ့တယ်။ ဒါကြောင့် အာဆင်နယ်ကို ယှဉ်ကစားနိုင်မယ့် အခြေအနေမှာ မရှိပါဘူး။ အာဆင်နယ်က ထိပ်ဆုံး ၈ သင်းထဲ သေချာနေသလို၊ တိုက်စစ်ရော၊ ခံစစ်ပါ အကောင်းဆုံးအသင်းတွေထဲ ပါနေတဲ့ ခြေစွမ်းလည်း ရှိတယ်။ အာဆင်နယ် အနိုင်သေချာတယ်။
■ ဘရက်စ် နှင့် ရီးယဲလ်မက်ဒရစ်
ဘရက်စ်က ချန်ပီယံလိဂ်မှာ အစောပိုင်းရလဒ်တွေကောင်းနေခဲ့ရာကနေ နောက်ပိုင်းမှာ နည်းနည်းလေး ရလဒ်ပိုင်းကျဆင်းသွားတယ်။ ဒါပေမဲ့ ၇ ပွဲအပြီးမှာ ရမှတ် ၁၃ မှတ်အထိ ယူနိုင်ခဲ့တာက ချီးကျူးစရာကောင်းသလို အိမ်ကွင်းခြေစွမ်းကလည်း လျှော့တွက်လို့မရတဲ့အထဲပါတယ်။ ရီးယဲလ်မက်ဒရစ်က ထိပ်ဆုံး ၈ သင်းထဲမပါနိုင်တော့ပေမယ့် Play-offs မှာ ပွဲစဉ်အား သာချက်လိုချင်ရင် ဒီပွဲကို အနိုင်ကစားမှရမယ်။ လက်ရှိ ရီးယဲလ်ရဲ့ ခြေစွမ်းနဲ့ နိုင်မှာပါ။
■ PSV နှင့် လီဗာပူးလ်
လီဗာပူးလ်အသင်းက ဒီရာသီမှာ ပြောင်းလဲကျင်းပနေတဲ့ ချန်ပီယံလိဂ် Format အသစ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ရာ နှုန်းပြည့်အနိုင်ရတဲ့ စံချိန်မှတ်တမ်းကောင်းကို ရယူနိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်။ PSV က ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းနေသလို၊ လီဗာပူးလ်အသင်းကလည်း ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနေတဲ့အသင်းဖြစ်တယ်။ ဂက်ပိုကတော့ အသင်းဟောင်းနဲ့ ပြန်ဆုံရမှာဖြစ်ပြီး PSV အတွက် အခက်တွေ့စေဦးမှာပါ။ လီဗာပူးလ်ပဲ နိုင်မယ်။
■ ဘိုင်ယန်မြူးနစ် နှင့် ဆလိုဗန်
ဘိုင်ယန်မြူးနစ်က ဒီရာသီချန်ပီယံလိဂ်မှာ အားရစရာတော့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စုစုပေါင်း နိုင်ပွဲ ၄ ပွဲထဲမှာ ဘိုင်ယန် ရဲ့ အိမ်ကွင်းကတော့ ၃ ပွဲကစား၊ ၃ ပွဲနိုင်ခဲ့တယ်။ အိမ်ကွင်းမှာ တစ်ပွဲပျမ်းမျှ ၄ ဂိုးလောက် သွင်းနိုင်ခဲ့တာကို တွေ့ရတယ်။ ဆလိုဗန်က အိမ်ဖြည့်အသင်းသာ ဖြစ်ပြီး ရာနှုန်းပြည့် ရှုံးပွဲတွေ့ထားတဲ့အသင်းလည်းဖြစ်တယ်။ ဘိုင်ယန်မြူးနစ်သေချာပေါက်နိုင်မယ်။ ဂိုးမိုးရွာမယ်။
■ ဆာလ်ဇ်ဘာ့ဂ် နှင့် အက်သလက်တီကို
အက်သလက်တီကိုက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေရဲ့အစမှာ ခြေစွမ်းပိုင်းအနည်းငယ် ယိမ်းယိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးပုံစံကို ပြန်မြင်ရပါပြီ။ အိမ်ကွင်းအဝေးကွင်းခြေစွမ်း သိပ်မကွာ၊ ကွင်းမရွေးတဲ့အသင်းဖြစ်ပြီး အဝေးကွင်းတွေမှာလည်း အားရစရာကောင်းပါတယ်။ ဆာလ်ဇ်ဘာ့ဂ်ကတော့ မျှော်လင့်ချက်မရှိတဲ့အနေအထားပါ။ အက်သလက်တီကိုပဲ နိုင်မယ်။
■ ဂျူဗင်တပ်စ် နှင့် ဘင်ဖီကာ
ဂျူဗင်တပ်စ်အသင်းက အဆင့် ၁၆ အတွင်းဝင်အောင် ကြိုးစားရမှာဖြစ်ပြီး ဘင်ဖီကာက အဆင့် ၂၄ အတွင်းမှာ ဆက်လက်ရှိနေအောင် ထိန်းထားရမှာဖြစ်တယ်။ နှစ်သင်းစလုံး ဒီရာသီ ဥရောပမှာအကောင်းဆုံးပုံစံ မပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဂျူဗင်တပ်စ် ကတော့ ပိုတည်ငြိမ်ပါတယ်။ ဂျူဗီနိုင်မယ်။
■ အင်တာမီလန် နှင့် မိုနာကို
မိုနာကိုက နောက်ဆုံးပွဲမှာ ဗီလာကိုအနိုင်ကစားပြီး ထိပ်ဆုံး ၈ သင်းထဲရောက်ဖို့ မျှော်လင့်ချက်ရှိလာတယ်။ အင်တာမီလန်က သေချာပေါက် ၈ သင်းထဲ ပါနေပြီ။ ခြေစွမ်းကောင်းတယ်။ တည်ငြိမ်တယ်။ အိမ်ကွင်း ၃ ပွဲစလုံး Clean Sheet တွေယူထားတယ်။ အင်တာပဲ နိုင်မယ်။
အခြားပွဲစဉ်များ
*ဒေါ့မွန် - ရှက်တာဒိုးနက်
ဒိုင်နမိုဇာဂရက် - အေစီမီလန်*
*လိုင်လီ - ဖီယင်နု
စတမ်းဂရက်ဇ် - လိုက်ပ်ဇစ်*
*စပို့တင်းလစ္စဘွန်း - ဘိုလော့ဂ်နာ
ယန်းဘွိုင်းစ် - ဇဗက်ဒါ*