
နာပိုလီအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ မန်နာက မန်ယူတောာင်ပံကစားသမား ဂါနာချိုနှင့် ဒေါ့မွန်တိုက်စစ်မှူး အဒီယီမီတို့အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
သို့သော် ၎င်းတို့အနေဖြင့် အဆိုပါကစားသမားများကို စျေးကွက်ပေါက်ကြေးထက်ပိုပြီး ပေးချေသွားမည်မဟုတ်ကြောင်းလည်း မန်နာ က ပြောကြားခဲ့သည်။
စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေသည့် နာပိုလီအသင်းသည် PSG အသင်းထံသို့ ပြောင်းရွှေ့သွားသည့် ဂျော်ဂျီယာတောင်ပံကစားသမား ခါဗရာစကယ်လီယာ၏နေရာတွင် အစားထိုးရန်အတွက် မန်ယူတောင်ပံကစားသမား ဂါနာချိုကို ပစ်မှတ်ထားနေသည်။
နာပိုလီအသင်းသည် ဂါနာချိုအား ယူရိုသန်း (၄၀) ဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။ မန်ယူအသင်းသည် ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) အလိုရှိနေကြောင်း သိရသည်။