
ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ် အား ယခုဇန်နဝါရီတွင် ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ ခံစစ်ပိုင်း တွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသဖြင့် အာနိုးလ်အား ၂၀၂၅ နွေရာသီ အထိ မစောင့်ဆိုင်းဘဲ ယခုဇန်နဝါရီတွင် ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် လီဗာပူးလ်အသင်းက အာနိုးလ်အတွက် ရီးယဲလ်အသင်း၏ ယူရို (၂၅) သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ စပိန်အားကစားသတင်းစာ Marca ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်အတွက် ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ယခုဇန်နဝါရီတွင် ၎င်းအား ခေါ်ယူရန် မဖြစ်နိုင်ကြောင်း လက်ခံသွားပြီဖြစ်ကြောင်း သိရသည်။
သို့သော် ရီးယဲလ်အသင်းသည် အာနိုးလ်အား ခေါ်ယူမည့်အစီအစဉ်ကို လက်မလျှော့ဘဲ လာမည့် ၂၀၂၅ နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။