Eleven Media Group

ပြန်လည်ပေါင်းစည်းတော့မှာလား (Life)

Photos: Getty Images

အန်ဇိုဖာနန်ဒက်ဇ်က ဇနီးသည် ကာဗန်တက်စ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားပေမဲ့ ပြန်လည်ပေါင်းစည်းတော့မယ့် အရိပ်အယောင်ပြနေပြီလို့ နီးစပ်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့နှစ်ဦးကို လန်ဒန်မှာ အတူစျေးဝယ်ထွက်နေတာ မြင်တွေ့လိုက်ရတာကြောင့် အခုလိုသုံးသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ပျော်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားချိန်မှာပဲ ဗွေထဖောက်သလို လုပ်ခဲ့ပါတယ်။ သူက အာဂျင်တီးနားသူ ကာဗန်တက်စ်နဲ့ လက်ထပ်ခဲ့ပြီး (၅)နှစ်အရွယ် သမီးလေးနဲ့ တစ်နှစ်ကျော်သာရှိသေးတဲ့ သားလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဇနီးသည်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ တစ်ယောက်တည်းနေချင်လို့ပါတဲ့ . . .

အန်ဇိုဖာနန်ဒက်ဇ်က ဇနီးသည် ကာဗန်တက်စ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားပေမဲ့ ပြန်လည်ပေါင်းစည်းတော့မယ့် အရိပ်အယောင်ပြနေပြီလို့ နီးစပ်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့နှစ်ဦးကို လန်ဒန်မှာ အတူစျေးဝယ်ထွက်နေတာ မြင်တွေ့လိုက်ရတာကြောင့် အခုလိုသုံးသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင် ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ပျော်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားချိန်မှာပဲ ဗွေထဖောက်သလို လုပ်ခဲ့ပါတယ်။ သူက အာဂျင်တီးနားသူ ကာဗန်တက်စ်နဲ့ လက်ထပ်ခဲ့ပြီး (၅)နှစ်အရွယ် သမီးလေးနဲ့ တစ်နှစ်ကျော်သာရှိသေးတဲ့ သားလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဇနီးသည်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အကြောင်းပြချက်ကတော့ တစ်ယောက်တည်းနေချင်လို့ပါတဲ့။ ဒီတော့ ကာဗန်တက်စ်က သူ့အလိုကျ သားနဲ့သမီးကို ခေါ်ပြီး အာဂျင်တီးနားပြန်သွားခဲ့ရပါတယ်။ ဒါပေမဲ့ မိသားစုအဖြစ် ဆက်ရှိဖို့ အန်ဇိုက ဆုံးဖြတ်ထားတာကြောင့် ပြီးခဲ့တဲ့နှစ်သစ်ကူးကာလမှာ အန်ဇိုရှိရာကို ပြန်လာခဲ့ပါတယ်။ အန်ဇို ဘယ်လိုပဲဆုံးဖြတ်ပါစေ ချစ်နေတုန်းပါပဲလို့ ဝန်ခံဖွင့်ဟခဲ့တဲ့ ကာဗန်တက်စ်ကတော့ အန်ဇိုနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရဖို့ အမြဲမျှော်လင့်နေမှာပါ။

တချို့ကတော့ အန်ဇိုက နစ်ကီနီကိုးလ်ဆိုတဲ့ Rapper မလေးနဲ့ ဘာလို လိုဖြစ်နေတာကြောင့် ကာဗန်တက်စ်ကို အနားမှာ မရှိစေချင်တာလို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာလည်း သူလည်း ကာဗန်တက်စ်ကို မေ့နိုင်ပုံမရပါဘူး။ ဒါကြောင့် ပြန်လည်ပေါင်းစည်းဖွယ်ရှိတဲ့ လက္ခဏာတွေကို မြင်တွေ့လာရတာပါ။ ကာဗန်တက်စ်အပေါ် ကရုဏာသက်နေကြတဲ့ ပရိသတ်တချို့ကတော့ သူတို့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ လူမှုကွန်ရက်ကနေ ဆုတောင်းပေးနေကြကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group