
ဆော်ဒီကလပ် အယ်လ်ဟီလာ အသင်းသည် နာမည်ကျော်ဘောလုံးသမား နေမာနှင့် နှစ်ဦးသဘောတူစာ ချုပ်ဖျက်သိမ်းပြီးနောက် လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာ အား အရခေါ်ယူရန် ပစ်မှတ်ထားလာကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။
အယ်လ်ဟီလာအသင်းသည် ၂၀၂၃ တွင် ဘရာဇီးလ်ကြယ်ပွင့်ကစားသမား နေမာအား PSG အသင်းမှ ပေါင် (၈၆)သန်းဖြင့် ခေါ်ယူခဲ့သည်။ သို့သော် နေမာသည် ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ခဲ့ရပြီး အယ်လ်ဟီလာအသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲသာ ကစားနိုင်ခဲ့သည်။
အယ်လ်ဟီလာအသင်းသည် နေမာကို စာချုပ်ဖျက်သိမ်းပြီးနောက် ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူရန်စီစဉ်နေပြီး ဆာလာအား အရခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း The Telegraph က ဖော်ပြခဲ့သည်။ အသက် (၃၂)နှစ်အရွယ် ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက်ဆွေး နွေးမှု အဆင်မပြေဖြစ်နေကြောင်းသိရသည်။
ဆာလာအနေဖြင့် ယခုဇန်နဝါရီတွင် လီဗာပူးလ်မှထွက်ခွာမည်မဟုတ်သော်လည်း စာချုပ်သက်တမ်းကုန်ဆုံးပါက ဆော်ဒီသို့ပြောင်းရွှေ့့ကစားဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ FIFA အနေဖြင့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားကြောင့် ဇွန် (၁) ရက်မှ (၁၀)ရက်အထိ ကစားသမား ဝယ်ယူခွင့်ပြုထားရာ အယ်လ်ဟီလာအသင်းအနေဖြင့် ယင်းပြိုင်ပွဲမတိုင်မီ ဆာလာကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။