
စတူအာဘူခါရက် နှင့် မန်ယူ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
မန်ယူအသင်းက သရေကစားရုံလောက်နဲ့ ထိပ်ဆုံး(၈) သင်းစာရင်းထဲဝင်ဖို့ သေချာသလောက်ရှိနေတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်တပ်အပ်တော့ ပြောလို့မရသေးဘူး။ မန်ယူအနေနဲ့ ယူရိုပါလိဂ်(၄)ပွဲဆက်တိုက် အနိုင်ကစားထားပေမဲ့ ခြေစွမ်း ပိုင်းက အထင်ကြီးစရာအနေအထား မဟုတ်သေးတာတော့ သေချာပါတယ်။ ရိုမေးနီးယားကလပ် စတူအာဘူခါရက်အသင်းကတော့ ဒီရာသီ ယူရိုပါလိဂ်အိမ်ကွင်း ရှုံးပွဲလုံးဝမရှိသေးဘဲ (၃)ပွဲအနိုင်ရကာ တစ်ပွဲသရေကျထားတယ်။ ရပ်တည်မှုကလည်း အဆင့်(၈)နေရာရောက်နေလို့ လျှော့တွက်လို့မရတဲ့အဆင့်ထဲ ပါပါတယ်။ မန်ယူ ဂိုးမပြတ်လောက်ဘူး။
ရိုးမား နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ရိုးမားအသင်းကတော့ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲတွေမှာ နိုင်ပွဲဆက်နေတာ တွေ့ရတယ်။ ရိုးမားရဲ့လက်ရှိအနေအထားက စိုးရိမ်စရာတော့ ကောင်းနေတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ အယ်လ်ခမာအသင်းကို အရေးနိမ့်ခဲ့လို့ အခုလိုအနေအထား ရောက်ခဲ့ တာလည်းဖြစ်တယ်။ ဒီပွဲက ရိုးမားအတွက် နိုင်ပွဲမဖြစ်မနေ လိုအပ်နေလို့ ပေါက်ကွဲအားတော့ စောင့်ကြည့်ရမယ်။ ဖရန့်ဖတ်အသင်းတော့ နောက်ဆုံးပွဲမှာ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့တယ်။ ဒီပွဲမှာလည်း ဖရန့်ဖတ်အသင်းက သရေရရင်ပဲ (၁၆)သင်းအဆင့် တိုက်ရိုက်တက်ခွင့်ရဖို့ သေချာလိမ့်မယ်။ ရိုးမားပဲ ရွေးချယ်ချင်တယ်။
စပါး နှင့် အဲလ်ဖ်ဘော့ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ယူရိုပါလိဂ်မှာတော့ စပါးအသင်းက ထိပ်ဆုံး(၈)သင်းထဲ ရပ်တည်နိုင်ဖို့ အခြေအနေကောင်းနေဆဲပါပဲ။ စပါးတိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ များနေသလို၊ အသင်းစွမ်းဆောင်ရည်ကလည်း အတက်အကျများနေပေမဲ့ အခုလိုပွဲမျိုးမှာတော့ အမှားအယွင်းမဖြစ်လောက်ဘူးထင်တယ်။ ကစားရမယ့်ပြိုင်ဘက်က ဆွီဒင်ကလပ်အသင်းဖြစ်ပြီး ဥရောပအစဉ်အလာလည်း မရှိပါဘူး။ တစ်ခုထည့်စဉ်းစားရမှာက အဲလ်ဖ်ဘော့အသင်း နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး အားကုန်ရုန်းကန်လာနိုင်တာပဲ ဖြစ်တယ်။ စပါးပဲ ရွေးချယ်တာ ပိုကောင်းမယ်။
ဘီလ်ဘာအို နှင့် ဗစ်တိုးရီးယားပယ်လ်ဇန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဘီလ်ဘာအိုအသင်းက ဘက်ဆစ်တက်ကို မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့လို့သာ (၁၆)သင်းအဆင့်ကို စောစောစီးစီး မတက်ရောက်နိုင်ဘဲ ဖြစ်ခဲ့တာပါ။ နောက်ပိုင်းပွဲတွေမှာတော့ ဘီလ်ဘာအိုအသင်း ရလဒ်ပိုင်း အကျဘက်ရောက်နေ တဲ့ပုံစံ တွေ့နေရတယ်။ အထူးသဖြင့် စူပါဖလားပွဲမှာ ဘာစီလိုနာကို အရေးနိမ့်ပြီးကတည်းက ဖလားပွဲတွေမှာ ဆက်တိုက်ဆိုသလို ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ပယ်လ်ဇန်အသင်းကတော့ ဒီရာသီ ရလဒ်ပိုင်းမဆိုးသလို၊ ဇယားထိပ်ဆုံးရှစ်သင်း မျှော်လင့်ချက်အတွက် နိုင်ပွဲလိုအပ်နေတယ်။ စပိန်မြေမှာတော့ ဘီလ်ဘာအိုပဲ ရွေးချယ်ချင်တယ်။
စပို့တင်းဘရာဂါ နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
(၁၆)သင်းအဆင့် တစ်နေရာသေချာပြီးသား လာဇီယိုအသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ဂိုးကွာခြားချက်များစွာအသာရထားလို့ အမှတ်မလိုတော့တဲ့ အခြေအနေလို့ပဲ ပြောရမယ်။ စပို့တင်းဘရာဂါအသင်းက ဒီပွဲအနိုင်ရရင် Play-off ကစားခွင့် မျှော်လင့်လို့ရတဲ့ အနေအထားရှိနေသေးတယ်။ လက်ရှိခြေစွမ်းချင်းတော့ ဒီနှစ်သင်းအကြား များစွာကွာပါတယ်။ ပေါ်တူဂီမြေဖြစ်ပေမဲ့ လာဇီယိုအသင်း အရှုံးတော့ မခံလောက်ဘူးထင်တယ်။
အေဂျက်စ် နှင့် ဂါလာတာစာရေး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး အမှတ်လိုနေပြီး အိမ်ရှင် အေဂျက်စ် မရှုံးလောက်ဘူး။
အခြားပွဲစဉ်များ
*ဒိုင်နမိုကိဗ် - ရီဂတ်စ်
မစ်ဂျီလန်း - ဖီနာဘာချီ*
FC တွမ်တီး - ဘက်ဆစ်တက်*
*ဖယ်ရန်ဗာရို့စ် - အယ်လ်ခမာ
*လိုင်ယွန် - လူဒိုဂိုရတ်စ်
မက္ကာဘီတဲလ်အဗစ် - ပေါ်တို*
*နိုက်စ် - ဘိုဒယ်ဂလင့်
*အိုလံပီယာကော့စ် - ကာရာဘတ်
ရိန်းဂျားစ် - ဆန်လွိုက်ဆီ*
ဆိုစီဒက် - PAOK*
အန်ဒါလက်ချ် - ဟော်ဖန်ဟင်မ်*
ဆလားဗီးယားပရပ်ဂ် - မာလ်မို*