
စပါးကွင်းလယ်ကစားသမား မတ်ဒီဆန်သည် ခြေသလုံးဒဏ်ရာကြောင့် (၃) ပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရှိရသည်။
မတ်ဒီဆန်(၂၈ နှစ်)သည် ဟော်ဖန်ဟင်မ်အသင်းကို အနိုင်ရသည့်ပွဲတွင် ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် အဆိုပါဒဏ်ရာကြောင့် လက်စတာအသင်းအား ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သည့်အပြင် (၃) ပတ်ခန့် အနားယူရဖွယ် ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
စပါးအသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး ရလဒ်များဆိုးရွားလျက်ရှိသည်။
မတ်ဒီဆန်အနေဖြင့် ယခုဒဏ်ရာကြောင့် လီဗာပူးလ်နှင့် လိဂ်ဖလားဆီီမီးဖိုင်နယ်ဒု- ကျော့အပါအဝင် အသင်း၏ပွဲစဉ် (၅)ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက အနားယူနေရသည့် စပါးအသင်း၏အဓိကနောက်ခံကစားသမား ဗန်ဒီဗန်မှာမူ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ယခုအပတ်တွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။