Eleven Media Group

အိုဆင်မန်ကို အာဆင်နယ်အသင်း ခေါ်ယူသင့်ဟု ပီရက်စ် ဆို

Photo: Fabrizio

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပီရက်စ်က အိုဆင်မန်အား ခေါ်ယူရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုများ နှင့်ဝေးကွာနေသည်မှာ ဂိုးသွင်းသေချာသည့် တိုက်စစ်မှူးမရှိခြင်းကြောင့်ဟု သုံးသပ်မှုများ ရှိနေသည်။
ယခုအခါ ပီရက်စ်က အာဆင်နယ်အနေဖြင့် တိုက်စစ်မှူးစစ်စစ် ခေါ်ယူရန်လိုအပ်ပြီး အိုဆင်မန်သည် အာဆင်နယ်နှင့် သင့်တော်မည့်သူဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အိုဆင်မန်သည် ပြီးခဲ့သည့်နွေက နာပိုလီမှ ဂါလာတာစာရေးသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေပြီး ပြိုင်ပွဲစုံ ပွဲ (၂၀) တွင် (၁၆) ဂိုး သွင်းထားသည်။
အာဆင်နယ်အသင်းအနေဖြင့် ဇန်နဝါရီစျေးကွက်မပိတ်မီ တိုက်စစ်မှူးသစ် ခေါ်ယူအားဖြည့်ရန် ကြိုးပမ်းနေသော်လည်း အငှားဖြင့်ခေါ်ယူမှုသာ ဖြစ်နိုင်ခြေများကြောင်း သုံးသပ်မှုများ ရှိနေသည်။

မူရင်းသတင်း — Eleven Media Group