
မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာကို မန်ယူအသင်းတွင် ပြန်လည်မြင်တွေ့လိုသည်ဟု ပြောကြားခဲ့သည်။
ဆာဟာက အသင်းဟောင်းကို ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာအား တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ပေါ့ဘာ (၃၁ နှစ်)သည် လက်ရှိအချိန်တွင် ဂျူဗင်တပ်စ်နှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။
ပေါ့ဘာအနေဖြင့် တားမြစ်ဆေးသုံးစွဲခဲ့မှုကြောင့် ပွဲကစားခွင့်မရသေးသော်လည်း မတ်လတွင် ပြန်ကစားနိုင်မည်ဖြစ်သည်။
ဆာဟာက ပေါ့ဘာသည် အာမိုရင်မ်၏ကစားကွက်နှင့် ကိုက်မည့်သူဖြစ်သောကြောင့် မန်ယူအသင်းတွင် ပြန်လည်မြင်တွေ့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။