Eleven Media Group

ရီးယဲလ်တွင် ဗင်နီစီယပ်စ် ဆက်နေမည်ဟု နည်းပြ အန်ဆယ်လော့တီ ယုံကြည်

Photo: Fabrizio

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အနေဖြင့် အသင်းတွင် ဆက်နေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီစီယပ်စ် (၂၄ နှစ်)အား ဆော်ဒီကလပ် အယ်လ်အာလီအသင်းက ယူရို (၁.၃) ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုဖြင့် ယခုဇန်နဝါရီတွင် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။
ယင်းပမာဏမှာ ဗင်နီစီယပ်စ်အတွက် ငြင်းရခက်နိုင်ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် အန်ဆယ်လော့တီက ဗင်နီစီယပ်စ်အနေဖြင့် ငွေကြေးထက် အောင်မြင်မှုကို ရွေးချယ်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီက ''ဒါတွေက ကစားသမားတစ်ဦးတစ်ယောက်က ဆုံးဖြတ်နိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်တော် သိရသလောက် ဗင်နီစီယပ်စ်က ဒီအသင်းမှာ ပျော်နေပါတယ်။ သူက ရီးယဲလ်မှာ ဆက်နေချင်နေပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူချင်နေတာပါ။ သူှု့အနေနဲ့ အောင်မြင်မှုကို ရွေးချယ်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group