
■ လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
လီဟာနက်စ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂:၃၀ နာရီ)
ဒီ (၂) သင်းရဲ့ခြေစွမ်း သိပ်မကွာလှဘူး။ လီဟာနက်စ်ရဲ့ ခံကစားနိုင်စွမ်းက မဆိုးပေမဲ့ ကွင်းမရွေးခြေစွမ်းပြနေတဲ့ ဗယ်လက်ကာနိုကို တားနိုင်ဖို့ ရုန်းကန်ရမယ်ထင်တယ်။ ဂိုးအနည်းသရေပွဲ ဖြစ်ဖို့များနေတယ်။
■ စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
ပါးမား - လက်ချီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂:၁၅ နာရီ)
အမှတ်ပေးဇယားမှာ ရမှတ်တူနှစ်သင်း ရင်ဆိုင်ကစားရမှာ ဖြစ်တယ်။ တန်းဆင်းဇုန်ပြိုင်ဘက်တွေလည်းဖြစ်လို့ အခုနိုင်ပွဲရရင် နှစ်ဆလောက် တန်ဖိုးရှိပါတယ်။ လက်ချီအသင်း သရေမျှော်လင့်လို့ ရတယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
ဝါဒါဘရီမင် - မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂:၀၀ နာရီ)
မိန့်ဇ်အသင်း နိုင်ပွဲပြန်ရခဲ့ပေမဲ့ အဝေးကွင်းနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ထားခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဝါဒါဘရီမင် အနိုင်နဲ့ သရေပါပဲ။
■ ပြင်သစ်လီဂူးပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
မောင့်ပယ်လီယာ - လန်းစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂:၃၀ နာရီ)
မောင့်ပယ်လီယာတို့ နောက်ဆုံး (၂) ပွဲဆက်အနိုင်ယူပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ လန်းစ်က ခြေစွမ်းကောင်းတဲ့အပြင် ကွင်းမရွေးတဲ့အသင်းဖြစ်လို့ မောင့်ပယ်လီယာ မလွယ်လောက်ဘူး။ လန်းစ်ပဲ ရွေးထားချင်တယ်။