Eleven Media Group

■ သီယိုဟာနန်ဒက်ဇ်ကို ယူရိုသန်း(၄၀)ဖြင့် ကိုမိုအသင်း ကမ်းလှမ်း

Photo: Getty Images

ကိုမိုအသင်းသည် အေစီမီလန်အသင်းမှ ပြင်သစ်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

သီယိုဟာနန်ဒက်ဇ်(၂၇ နှစ်)သည် အေစီမီလန်အသင်း၏ နည်းပြသစ် ကွန်ဆေးဆာအိုနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သတင်းထွက်နေသည်။

ထို့ကြောင့် ကိုမိုအသင်းက​၎င်းကိုခေါ်ယူဂန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။

သို့သော် ကိုမိုအသင်းအနေဖြင့် ယခုကဲ့သို့ ငွေကြေးပမာဏဖြင့် ကမ်းလှမ်းခဲ့ခြင်းမှာ အံ့အားသင့်စရာဖြစ်ကြောင်း အီတလီမီဒီယာများက သုံးသပ်ခဲ့သည်။

ကိုမိုအသင်းသည် အင်ဒိုနီးရှားသူဌေး ပိုင်ဆိုင်ထားပြီး ဖာဘရီဂတ်စ် နည်းပြနေသည့်အသင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group