Eleven Media Group

■ ဂါနာချိုကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း အရှိန်မြှင့်ကြိုးပမ်းနေ

Photo: Getty Images

ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းမှ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုကို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ခေါ်ယူနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းနေကြောင်း သိရသည်။

ဂါနာချို(၂၀ နှစ်)သည် မန်ယူအသင်းသည် တောက်ပလာမည့် ကြယ်ပွင့်ကစားသမားတစ် ဦးအဖြစ် ထင်ကြေးပေးခံထားရသူ ဖြစ်လည်။

သို့သော် နည်းပြသစ် အာမိုရင်မ်၏ ပြုပြင်ပြောင်းလဲမှုများနှင့် ငွေကြေးလိုအပ်ချက်များကြောင့် အရောင်းစာရင်း တင်သွင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာရှိနေရာ ချယ်လ်ဆီးအသင်းက ယူရို(၉၅)သန်းဖြင့် ကမ်းလှမ်းရန်ပင် စီစဉ်နေပြီဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ဂါနာချိုသည် မန်ယူအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသင်းအတွက် (၄) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂၁) ပွဲတွင် (၂၃) ဂိုး သွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group