Eleven Media Group

■ မီတိုမာကို ပေါင်သန်း(၉၀)ဖြင့် ကမ်းလှမ်းရန် အယ်လ်နာဆာ စီစဉ်နေ

အယ်လ်နာဆာအသင်းသည် ဘရိုက်တန်အသင်းမှ ဂျပန်တိုက်စစ်ကစားသမား မီတိုမာကို ပေါင်သန်း(၉၀)ဖြင့် ကမ်း လှမ်းရန် စီစဉ်နေကြောင်း သိရသည်။

အယ်လ်နာဆာအသင်းသည် မီတိုမာကို ပေါင်(၅၄)သန်းဖြင့် ပထမအကြိမ် ကမ်းလှမ်းခဲ့ရာ ငြင်းပယ်ခံခဲ့ရသည်။

ထို့ကြောင့် အယ်လ်နာဆာအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ဒုတိယနှင့် နောက်ဆုံးအကြိမ်အဖြစ် ပေါင်သန်း(၉၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မီတိုမာသည် ယခုရာသီတွင် အကောင်းဆုံး ခြေစွမ်းပြနေသော်လည်း တန်ဖိုးကြီးမားသည့် ကမ်းလှမ်းမှုရရှိခဲ့ပါက ဘရိုက်တန်က ရောင်းချဖွယ်ရှိကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ် မီတိုမာသည် ဘရိုက်တန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၅) ဂိုးသွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group