Eleven Media Group

■ ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှုအသစ်ကို ရပ်ရှ်ဖို့ဒ် ငြင်းဆန်

Photo: Getty Images

မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှုအသစ်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ ပွဲကစားခွင့်မရရှိသည့်အပြင် နည်းပြ အာမိုရင်မ်နှင့် ဆက်ဆံရေးအဆင်မပြေသည့်အတွက် အရောင်းစာရင်းတင်သွင်းခံထားရသည်။

ထို့ကြောင့် ဆော်ဒီကလပ်အသင်းများက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော် ၎င်းကမူ ဥရောပထိပ်တန်းလိဂ်တစ်ခုခုတွင်သာ ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသည့်အတွက် ကမ်းလှမ်းမှုအသစ်ကိုလည်း ထပ်မံငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ဆော်ဒီကလပ်များအပြင် ဥရောပထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် နာပိုလီအသင်းတို့က ခေါ်ယူလိုနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group