
စီးရီးအေထိပ်သီးကလပ်အသင်းများဖြစ်သည့် နာပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် မန်ယူအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဟွိုင်လန်း(၂၁ နှစ်)သည် ၂၀၂၃ ခုနှစ်ကမှ မန်ယူအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အနာဂတ်တွင် တောက်ပလာမည့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် လက်ရှိနည်းပြ အာမိုရင်မ်က ၎င်း၏ခြေစွမ်းကို သဘောကျခြင်းမရှိသည့်အတွက် သင့်တော်သည့် ကမ်းလှမ်းမှုရရှိပါက ရောင်းထုတ်ရန် စီစဉ်နေသည်။
ထို့ကြောင့် စီးရီးအေတွင် ခြေစွမ်းပြခဲ့ဖူးသည့် ဟွိုင်လန်းကို နာပိုလီနှင့် ဂျူဗင်တပ်စ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
ဟွိုင်လန်းသည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၉) ပွဲတွင် (၇) ဂိုးသာ သွင်းယူထားနိုင်သေးသည်။