Eleven Media Group

■ သားဖြစ်သူက မိမိထက် အမ်ဘာပေကို  ပိုသဘောကျနေသည်ဟု စီရော်နယ်လ်ဒို ဝန်ခံ

Photo: Getty Images

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနှင့် ပေါ်တူဂီလက်ရွေးစင်အ သင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုက သားဖြစ်သူ မတ်တီယိုမှာ မိမိထက် ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကို ပိုသဘောကျကြောင်း ဝန်ခံပြောကြားသည်။
စပိန်အခြေစိုက် Le Sexta ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ရော်နယ်လ်ဒိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မတ်တီယိုက အမ်ဘာပေကို တကယ်ကြိုက်တာပါ။ သူက တစ်ခါတလေကျရင် ဟေး ဒယ်ဒီ၊ အမ်ဘာပေက အဖေ့ထက် ပိုကောင်းတယ်ဆိုပြီး ကျွန်တော့်ကို ပြောတတ်တယ်။ ကျွန်တော်က မဟုတ်ဘူး။ အဖေက သူ့ထက်ပို ကောင်းတာပေါ့။ အဖေက ဂိုးတွေ ပိုသွင်းထားတယ်လို့ ပြန်ဖြေရတယ်"ဟု ပြောကြားခဲ့သည်။

ရော်နယ်လ်ဒိုသည် လက်ရှိတွင် သားသမီးငါးဦး ပိုင်ဆိုင်ထားပြီး ခရစ္စတီယာနိုဂျူနီယာ (၁၄ နှစ်)၊ အီဗာမာရီယာ၊ မတ်တီယိုရော်နယ်လ်ဒို (၇ နှစ်)၊ အယ်လာနာမာတီနာ (၇ နှစ်)၊ ဘယ်လာ (၂ နှစ်) တို့ ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group