Eleven Media Group

■ ငယ်ဘဝကတည်းက အသင်းပရိသတ်ဖြစ်ခဲ့သည့် အိုလီဝက်ကင်စ်အား အာဆင်နယ် ဒုတိယအကြိမ် ကမ်းလှမ်း

Photo: Sky Sports

အာဆင်နယ်အသင်းသည် ငယ်ဘဝကတည်းက အာဆင်နယ်အသင်း ပရိသတ်အဖြစ် ကြီးပြင်းခဲ့သည့် အက်စတွန်ဗီလာအသင်း၏ တိုက်စစ်မှူး အိုလီဝက်ကင်စ်အား ခေါ်ယူရန်အတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာသည် အ သင်း၏ တိုက်စစ်ပိုင်းကိုအားဖြည့်ရန်အတွက် အင်္ဂလန်လက်ရွေးစင် တိုက် စစ်မှူးတစ်ဦးလည်းဖြစ်သည့် အိုလီ ဝက်ကင်စ်အား စိတ်ဝင်စားလျက်ရှိပြီး ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

သို့ရာ တွင် အက်စတွန်ဗီလာအသင်းက ၎င်းတို့အသင်း၏ အဓိက တိုက်စစ်မှူး ဝက်ကင်စ်အား ရောင်းထုတ်လိုခြင်းမရှိသဖြင့် ငြင်းဆန်ပယ်ချခဲ့ပြီး ယခုအချိန်တွင် အာဆင်နယ်အသင်းက ဒုတိ ယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပထမတစ်ကြိမ် ကမ်းလှမ်းမှု တန်ဖိုးအား ဖော်ပြထားခြင်းမရှိသော်လည်း ယခုတစ်ကြိမ် ကမ်းလှမ်းမှုမှာမူ ပေါင်သန်း (၆၀) ဝန်းကျင် တန်ဖိုးရှိမည်ဖြစ်ပြီး အသက် (၂၉) နှစ်အရွယ် ကစားသမားတစ်ဦးအတွက် သင့်လျော်သည့် ကမ်းလှမ်းမှုအဖြစ် မီဒီ ယာများက သုံးသပ်နေကြသည်။

အာဆင်နယ်အတွက် အဓိကပြဿနာမှာ အက်စတွန်ဗီလာအသင်း၏ အခြားသောတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဂျွန်ဒူရန်မှာ အယ်လ်နာဆာသို့ပြောင်း ရွှေ့ရန်နီးစပ်နေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group