Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

မွန်ဇာ - ဗီရိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၈:၃၀ နာရီ)
မွန်ဇာအသင်းက နည်းပြသစ် ဘိုချက်တီလက်ထက် စီးရီးအေ(၅)ပွဲမှာ (၄)ပွဲ အရေးနိမ့်ခဲ့တယ်။ ဗီရိုနာအသင်းက (၄)ပွဲ ဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ နာပိုလီ၊ လာဇီယိုတို့ကို အရှုံးပေးခဲ့ရတာ ဖြစ်တယ်။ ဗီရိုနာ မရှုံးလောက်ဘူး။


အူဒီးနီးစ် - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၈:၃၀ နာရီ)
နောက်ဆုံးကစားတဲ့ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အသင်းနှစ်သင်း တွေ့ဆုံကြတာပါ။ ဒါပေမဲ့ ခြေစွမ်းချင်းတော့ ကွာခြားချက် များပါတယ်။ အူဒီးနီးစ်အသင်း ဒီလိုပွဲမျိုးမှာ နိုင်ပွဲ ပြန်ရှာလိမ့်မယ်။


အတ္တလန်တာ - တိုရီနို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၁၁:၃၀ နာရီ)
အတ္တလန်တာအသင်း နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရထားခဲ့တယ်။ အတ္တလန်တာအနေနဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရလို့ ရလဒ်ပိုင်း ယိုင်သွားတာဖြစ်တယ်။ တိုက်စစ်မှူး ရေတယ်ဂီကလည်း အမှတ်ပေးပွဲတွေမှာ တောက်လျှောက်ဂိုးမြူးနေတယ်။ တိုရီနိုရဲ့လက်ရှိရလဒ်ပိုင်းကတော့ ကျေနပ်စရာကောင်းတဲ့ အခြေအနေပဲဖြစ်တယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားခဲ့ရတဲ့ အတ္တလန်တာ ဂိုးမပြတ်လောက်ဘူး။


ဘိုလော့ဂ်နာ - ကိုမို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၂:၁၅ နာရီ)
ဘိုလော့ဂ်နာအသင်း စီးရီးအေနောက်ဆုံး(၉)ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပေမဲ့ သရေပွဲတွေ များလာတယ်။ ကိုမိုကလည်း အဝေးကွင်း(၇)ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဘိုလော့ဂ်နာပဲ ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group