
စတုဂတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်း PSG နဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တယ်။ မိုချန်က ပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရလို့ ရလဒ်ဆိုးခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရထားပါတယ်။ စတုဂတ် နိုင်ရင်တောင် ဂိုးမပြတ်ဘူး။
ဘိုင်ယန်မြူးနစ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ အိမ်ကွင်းမှာ လေဗာကူဆင်ကို သရေကျခဲ့တာကလွဲလို့ ပွဲတိုင်းအနိုင်ကစားခဲ့တယ်။ အိမ်ကွင်းနောက်ဆုံး(၇)ပွဲဆက်တိုက် အနိမ့်ဆုံး(၃)ဂိုးစီ သွင်းယူခဲ့တယ်။ တိုက်စစ်မှူး ဟာရီကိန်းကလည်း Open Play က နေ ဂိုးပြန်သွင်းလာနိုင်တာ တွေ့ရတယ်။ ပထမအကျော့မှာလည်း ဘိုင်ယန်က အဝေးကွင်းမှာတောင် ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ ဟော်စတိုင်ကီလ်အသင်းက ပထမအကျော့ထက် ခြေစွမ်း ပိုကောင်းလာတဲ့အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘိုင်ယန်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။
ဟိုင်းဟိုင် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက အခုပွဲလည်း ယာယီနည်းပြနဲ့ပဲ စခန်းသွားဖို့များပါတယ်။ ဟိုင်းဟိုင်ကလည်း အိမ်ကွင်းသိပ်မစွံလို့ ဒေါ့မွန် နိုင်ပွဲမျှော်လင့်နိုင်တယ်။
ဘိုဟုမ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၀၀ နာရီ)
ဇယားအောက်ဆုံးက ဘိုဟုမ်အသင်း အိမ်ကွင်းနောက် ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ ဖရိုင်းဘတ်အသင်း ရှုံးပွဲများနေပေမဲ့ ဒီပွဲတော့ အမှတ်ယူလိမ့်မယ်။
ဆန့်ပေါ်လီ - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၉:၀၀ နာရီ)
လတ်တလောနိုင်ပွဲဆက်နေတဲ့ အသင်း(၂)သင်း တွေ့ဆုံ ကြတာပါ။ ဘွန်ဒစ်လီဂါသမ္ဘာပိုသာတဲ့ အော့စ်ဘတ်အသင်းပဲ ရွေးချယ်တာ ပိုကောင်းမယ်။
အူန်ယွန်းဘာလင် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၁၂:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်းက အိမ်ကွင်းနောက်ဆုံး (၆)ပွဲ မှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ လိုက်ပ်ဇစ်အသင်း နိုင်ပွဲပြန်ရှာနိုင်ဖို့ များတယ်။