Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဘရက်စ် - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက် ည ၁၀:၃၀ နာရီ)
ဘရက်စ်က နောက်ပိုင်းပွဲတွေမှာ ခြေတက်လာသလို၊ ဒီရာသီ လီဂူး-၁ အိမ်ကွင်း (၉) ပွဲကစားရာမှာလည်း (၆) ပွဲအထိ အနိုင်ရထားပြီး (၂) ပွဲပဲ ရှုံးထားတယ်။ PSG ကတော့ ဒီရာသီ လီဂူး-၁ မှာသာမက ဥရောပထိိပ်တန်းလိဂ် (၅)မှာပါ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေတယ်။ နှစ်သင်းစလုံးကြားရက်မှာ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရလို့ ပွဲပန်းနိုင်တာကို ထည့်တွက်ရမယ်။ PSG က လူအင်အားတောင့်တင်းလို့ ပြဿနာမရှိနိုင်ပေမဲ့ ဘရက်စ်ကတော့ မလွယ်လောက်ဘူး။ အဝေးကွင်းဖြစ်နေပေမဲ့ PSG ကပ်နိုင်သွားမယ်ထင်တယ်။


မိုနာကို - အော်ဇေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၀၀:၃၀ နာရီ)
နှစ်သင်းစလုံး ရလဒ်တွေ ဆိုးရွားနေပြီး နောက်ပိုင်းပွဲတွေမှာ ရုန်းကန်နေရတယ်။ မိုနာကိုအနေနဲ့ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရပေမဲ့ ဒီလိုပွဲမှာ (၃) မှတ်ရဖို့ ကြိုးစားလိမ့်မယ်။ ခြေစွမ်းကျဆင်းနေတဲ့ အော်ဇေးကြောင့် မိုနာကိုပဲ အနိုင်ရမှာပါ။


လိုင်လီ - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၂:၃၅ နာရီ)
စိန့်အက်တီယန်က နောက်ပိုင်းပွဲတွေမှာ အမှတ်ရနိုင်သလောက်ရဖို့ အားထည့်ကစားတာလာကို တွေ့ရတယ်။ လိုင်လီက ခြေစွမ်းလျော့လာသလို ရှိနေပြီး ချန်ပီယံလိဂ်ကြောင့်လည်း ပွဲပန်းနိုင်တယ်။ စိန့်အက်တီယန် အမှတ်ရနိုင်တဲ့ပွဲဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group