
ဘရန့်ဖို့ဒ် - စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၈:၃၀ နာရီ)
ဘရန့်ဖို့ဒ်က အသင်းလိုက်ရလဒ်နဲ့ ရပ်တည်မှု သိပ်အားမကောင်းပေမယ့် အိမ်ကွင်းရလဒ်ကတော့ တော်တော်လေးအားကောင်းပါတယ်။ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ပြီးရင် အိမ်ကွင်းရလဒ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေတယ်။ လန်ဒန်ကလပ် အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်းအားကောင်းတဲ့ရလဒ်တွေ ယူနေတယ်။ ရုန်းကန်နေရတဲ့ စပါးကို ဘရန့်ဖို့ဒ်အနိုင်ယူလိမ့်မယ်။
မန်ယူ - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၈:၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က လျှော့တွက်လို့မရတဲ့အသင်းတစ်သင်းဖြစ်တယ်။ အဝေးကွင်း (၁၁) ပွဲမှာ (၃) ပွဲပဲ ရှုံးထားတဲ့အသင်းဖြစ်သလို၊ အဝေးကွင်းမှာ ခံစစ်ပိုင်းကစားပုံရော၊ ရလဒ်ပါအရမ်းကောင်းတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာအဝေးကွင်းပေးဂိုးအနည်းဆုံးအသင်းဖြစ်ပြီး လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးတို့ထက်တောင် ပေးဂိုးပိုနည်းတယ်။ မန်ယူနိုက်တက် အိမ်ကွင်းမှာ သရေကျသွားနိုင်တယ်။
အာဆင်နယ် - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၁:၀၀ နာရီ)
ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ အဝေးကွင်း Form က နည်းနည်းလေး ကျနေတယ်။ မန်စီးတီး အသင်းကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် (၁၂) ပွဲမှာ (၅) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၄) ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ခဲ့တယ်။ အဝေးကွင်းမှာ ပေးဂိုး (၁၅) ဂိုးရှိပြီး ပဲလေ့စ်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ စပါး စတဲ့အသင်းတွေထက် ပိုများနေတယ်။ ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်စီးတီးက အဝေးကွင်းရလဒ် အတည်ငြိမ်ဆုံး၊ ထိန်းချုပ်မှုအားအကောင်းဆုံးအသင်းအဖြစ်ရပ်တည်လေ့ရှိပေမယ့် ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်က စိတ်မချရဘူး။ အာဆင်နယ်က အိမ်ကွင်းမှာ ရလဒ်ကောင်းတဲ့အသင်းဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၂) နေရာမှာ ရပ်တည်နေတယ်။ မန်စီးတီးအသင်းရဲ့ ရလဒ်ပိုင်းက သိသိသာသာတိုးတက်လာတာ မှန်ပေမယ့် အကောင်းဆုံးပုံစံတော့မဟုတ်သေးဘူး။ အာဆင်နယ်လည်း နည်းနည်းလျော့ပေမယ့် မန်စီးတီးကို မရှုံးအောင်ကစားနိုင်လိမ့်မယ်။