Eleven Media Group

■ လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၇:၃၀ နာရီ)
ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဗလင်စီယာကို ဂိုးဒါဇင်ဝက်ကျော် သွင်းပြီး အနိုင်ရခဲ့လို့ စိတ်ဓာတ်ပိုင်း ပိုပြီးတော့ အားကောင်းနေနိုင်တယ်။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ လာလီဂါဘက်ကို ပိုပြီးအားစိုက်လာဖို့လည်း ရှိနေတယ်။ ဒီတော့ ဒီပွဲမှာ အလာဗတ်စ်အနေနဲ့ အိမ်ရှင် ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲပဲ စောင့်ကြည့်ရတော့မယ်။ ဒီရာသီ အလာဗတ်စ်အသင်းရဲ့ ခံစစ်ကစားပုံကလည်း ပြီးခဲ့တဲ့ရာသီကလိုတော့ တောင်းတင်းမှု သိပ်မရှိတော့ဘူး။ အဝေးကွင်းဆိုရင်လည်း အလာဗတ်စ်အနေနဲ့ ဂိုးတွေ တောက်လျှောက်ပေးနေရလို့ ဂိုးမြူးနေတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို တားဆီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားရဦးမယ့်ပွဲ ဖြစ်နေတယ်။


ဗလင်စီယာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၉:၄၅ နာရီ)
အိမ်ကွင်းမှာတော့ ဗလင်စီယာကစားပုံ အားပြန်ကောင်းနေပါပြီ။ ဆယ်လ်တာဗီဂိုက နောက်ဆုံး (၂) ပွဲဆက် အဝေးကွင်းမှာ ရှုံးပွဲတွေ တွေ့ထားပြီး ခံစစ်ပိုင်းလည်း အားလျော့သလို တွေ့နေရတယ်။ အိမ်ကွင်းမှာ ဖိဖိစီးစီးကစားနိုင်ရင် အနိုင်ဖို့များပြီး အိမ်ရှင် ဗလင်စီယာနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။


အိုဆာဆူနာ - ဆိုစီဒက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၂:၀၀ နာရီ)
ဆိုစီဒက်က ကစားပုုံပြန်ကျနေသလိုပဲ။ လာလီဂါနောက်ဆုံး (၂)ပွဲစလုံးကို အရှုံးပေါ်ထားတဲ့အပြင် တိုက်စစ်ကလည်း ဂိုးရအောင် မကစားနုုိင်ခဲ့ဘူး။ အိုဆာဆူနာနဲ့ နောက်ပိုင်းတွေတဲ့ အစဉ်အလာတွေမှာလည်း ဆိုစီဒက် ခြေမှန်နေတဲ့ အချိန်တွေမှာတောင် အနိုင်မကစားနိုင်ခဲ့ဘူး။ ဒါကြောင့် ခုလိုပုံမှန်မဟုတ်တဲ့ ခြေစွမ်းမျိုးနဲ့ဆို အိုဆာဆူနာကို အနိုင်ရဖို့ ပိုခက်နေဦးမှာပါ။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။


ဘက်တစ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၂:၃၀ နာရီ)
(၂) သင်းစလုံးရဲ့ နှစ်သစ်ခြေစွမ်းက သိပ်ပြီးတော့ အားရစရာ မရှိသေးဘူး။ အထူးသဖြင့် ဘီလ်ဘာအိုက တိုက်စစ်အားပျော့သလို တွေ့ရပြီး အိမ်ကွင်းမှာ ကစားပုံမာကျောတဲ့ ဘက်တစ်ကို ဘီလ်ဘာအို ဂိုးရဖို့တောင် အတော်လေးကစားယူရမလို ဖြစ်နေတယ်။ ဘက်တစ်ကလည်း အိမ်ကွင်းနောက်ဆုံးပွဲမှာ အရှုံးပေါ်ထားမှုအတွက် အခုပွဲကို သေချာအားပြန်စိုက်လာဖို့များ နေတယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။

မူရင်းသတင်း — Eleven Media Group