
ဖရန့်ဖတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၉:၀၀ နာရီ)
ဖရန့်ဖတ်အသင်းအနေနဲ့ ကြားရက်မှာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ပွဲကျပ် ကစားထားရတယ်။ ဖရန့်ဖတ်က ရပ်တည်မှု ပိုမြင့်ပေမဲ့ ဝုလ်ဗ်ဘတ်အသင်း ယှဉ်နိုင်စွမ်းရှိတယ်။ ဝုလ်ဖ်ဘတ်နဲ့ စွန့်စားသင့်တယ်။
လေဗာကူဆင် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၁:၀၀ နာရီ)
လေဗာကူဆင်အသင်း ဘွန်ဒစ်လီဂါ (၈)ပွဲဆက်တိုက် အနိုင်ကစားထားပြီးမှ နိုင်ပွဲရပ်တန့်ခဲ့တယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်ကွင်းမှာတောင် နှစ်ဂိုးပြတ် ဦးဆောင်ထားပြီးမှ နောက်ကျချေပဂိုးပေးခဲ့ရလို့ သရေကျခဲ့တာဖြစ်တယ်။ လေဗာကူဆင်အသင်း ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရပေမဲ့ ပွဲချောင်လို့ ပွဲမပန်းလောက်ဘူး။ ဟော်ဖန်ဟင်မ် ရလဒ်တွေ ပြန်ကောင်းနေပေမဲ့ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့များတယ်။