Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

တူးလူး - နိုက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၈:၃၀ နာရီ)
တူးလူးက နောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်နေပြီး နှစ်သစ်မှာ ခြေကျနေတာကို တွေ့ရတယ်။ နိုက်စ်အနေနဲ့ ယူရိုပါလိဂ်ကြောင့် ပွဲပန်းနိုင်ပေမဲ့ တူးလူးကိုတော့ ယှဉ်နိုင်စွမ်း ရှိတယ်။ အဝေးကွင်းဖြစ်ပေမဲ့ နိုက်စ်ပဲ အနိုင်ယူသွားပါလိမ့်မယ်။


Reims - နန့်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၀:၄၅ နာရီ)
ဒီအသင်းက ခြေစွမ်းသိပ်မကွာသလို၊ အဆင့်ရပ်တည်မှုကလည်း သိပ်မကွာဘူး။ ဒါပေမဲ့ Reims ရော နန့်စ်ပါ တိုက်စစ်က ဂိုးရအောင် ကစားတတ်လို့ ဒီပွဲမှာ အိမ်ရှင် အားသာချက်ရှိတဲ့ Reims နဲ့ ဂိုးအများကို ရွေးထားမယ်။


အန်ဂါစ် - လူအယ်ဗာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၀:၄၅ နာရီ)
လူအယ်ဗာက လီဂူးနောက်ဆုံး (၇)ပွဲမှာ နိုင်ပွဲလုံးဝမရှိဘဲ (၆) ပွဲအထိ ရှုံးနိမ့်ထားတယ်။ ရလဒ်တွေ ပြန်ကောင်းလာတဲ့ အန်ဂါစ်ပဲ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူပါလိမ့်မယ်။


ရန်းစ် - စထရာဘိုး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂ ရက် ည ၁၀:၄၅ နာရီ)
ရန်းစ်က နောက်ဆုံး (၄) ပွဲဆက် ရှုံးထားပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ဒီပွဲမှာလည်း ခြေမှန်နေတဲ့ စထရာဘိုးကို တားနိုင်ဖို့ မမြင်ဘူး။ စထရာဘိုးကိုပဲ ကြိုက်တယ်။


မာဆေးလ် - လိုင်ယွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၂:၁၅ နာရီ)
ဒီဇယ်ဘီရဲ့ မာဆေးလ်က PSG ကို ဖိအားပေးဖို့ ကြိုးစားရင်း နောက်ဆုံး (၂) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ လိုင်ယွန်ရဲ့ ခြေစွမ်းက အားရစရာမရှိလို့ မာဆေးလ် နိုင်ပွဲပြန်ရမှာပါ။

မူရင်းသတင်း — Eleven Media Group