Eleven Media Group

အာဆင်နယ်အသင်း နောက်ခံလူ ဇင်ချန်ကို အင်မီလန်သို့ ရောက်ရှိရန် နီးစပ်နေ

Photo: X

အာဆင်နယ်အသင်းမှ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုသည် အင်တာမီလန်အသင်းသို့ ရောက်ရှိရန် နီးစပ်နေကြောင်း သိရသည်။

ဇင်ချန်ကို(၂၈ နှစ်)သည် အာဆင်နယ်အသင်းတွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသည့်အတွက် အသင်းပြောင်းရွှေ့ရန် စီစဉ်နေသလို၊ အာဆင်နယ်အသင်းကလည်း ရောင်းထုတ်ရန် လိုလားနေသည်။

ယင်းအတွက် အင်တာမီလန်အသင်းက ဇင်ချန်ကို ကိုခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး ရောက်ရှိရန်နီးစပ်နေကြောင်းလည်း သိရသည်။

ဇင်ချန်ကိုအား ခေါ်ယူရန် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဇင်ချန်ကိုသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲသာ ကစားခွင့်ရထားသည်။

မူရင်းသတင်း — Eleven Media Group