Myanmar Transparency News

အိန္ဒိယနိုင်ငံအတွင်း မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများဖမ်းမိ

၂.၂.၂၀၂၅
Written By Zun

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်နှင့် လောင်တလိုင်ခရိုင်တို့တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများဖမ်းမိခဲ့ကြောင်း ဒေသတွင်း Bengvarna သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်က မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်များက ညနေ ကင်းလှည့် လုံခြုံရေး ဆောင်ရွက်စဉ် ကျန်ဖိုင်ခရိုင်၊ နှလှန်ကျေးရွာနှင့် တီအိုချောင်းကြားတွင် အဆိုပါ မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် ဒေသခံနှစ်ဦးတို့ထံမှ အထက်ပါ အတိုင်း ဖမ်းမိခဲ့ကြောင်း ယင်းသတင်းက ဖော်ပြထားသည်။

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ဒါရ်ခိုင်ကျေးရွာ ဒေသခံများဖြစ်ကြသော အသက် ၃၄ နှစ်အရွယ် ထန်းခန်မုန်းနှင့် အသက် ၃၅ နှစ်အရွယ် မာန်းလှော့လှောန်တို့ ဖြစ်ပြီး ကျန်ဖိုင်ခရိုင်၊ မွှန်မှဲလ်းထားကျေးရွာ ဒေသခံ အသက် ၃၆ နှစ်အရွယ် လာလ်ရိုဇွာလ်လာ တို့ကို စိတ်ကြွဆေးပြား ၃ ဒသမ ၃၃၃ ကီကိုဂရမ် ( ၃၀၃၀၀ ပြား) ကိုလည်းကောင်း၊ လောင်တလိုင်ခရိုင်၊ ထင်းက ကျေးရွာတွင် အသက် ၄၃ နှစ်အရွယ် ထန်းဇမ်မီးထံမှ ဘိန်းဖြူ ၁၁၆ ဒသမ ၈၁၀ ဂရမ်ကိုလည်းကောင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများဖြင့် ဖမ်းမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် တရားစွဲဆိုဖမ်းဆီးထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News