Eleven Media Group

အင်္ဂလန်ဒိုင်လူကြီးများကို စပိန်နိုင်ငံသို့ ခေါ်ယူအသုံးပြုရန် ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် ဆန္ဒရှိနေ

Photos: X

ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် အင်္ဂလန်ဒိုင်လူကြီးများကို စပိန်နိုင်ငံသို့ ခေါ်ယူအသုံးပြုရန် ဆန္ဒရှိနေကြောင်း သိရသည်။

ပီရက်ဇ်က စပိန်ဒိုင်လူကြီးများ၏ အရည်အသွေးမှာ လိုအပ်ချက်ရှိနေပြီး ၎င်းတို့၏ လွဲမှားသည့် ဆုံးဖြတ်ချက်များကြောင့် ရီးယဲလ်အသင်းအနေဖြင့် ဆုဖလားများစွာ ဆုံးရှုံးခဲ့ရသည်ဟု ယူဆနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် သည် အင်္ဂလန်နိုင်ငံမှ အရည်အသွေးမြင့်မားသည့် ဒိုင်လူကြီးများကို ခေါ်ယူအသုံးပြုရန် စပိန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။

၂၀၂၄ စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံတွင် ကျင်းပစဉ်ကတည်းက ပီရက်ဇ်က အင်္ဂလန်ဒိုင်လူကြီးများခေါ်ယူပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group