Eleven Media Group

ကွင်းလယ်ကစားသမား ဒီပေါလ်အတွက် ဝက်စ်ဟမ်းအသင်း၏ ကမ်းလှမ်းမှုကို အက်သလက်တီကိုပယ်ချ

Photo: Getty Images

အက်သလက်တီကိုအသင်းသည် အသင်းကွင်းလယ်ကစားသမား ဒီပေါလ်အတွက် ဝက်စ်ဟမ်းအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။

အသက် (၃၀) အရွယ်ရှိ ဒီပေါလ်သည် အက်သလက်တီကိုအသင်းတွင် ရုန်းကန်နေသူဖြစ်သည်။ ထို့ပြင် အက်သလက်တီကိုအသင်းနှင့် ချုပ်ဆိုထားသည့် ဒီပေါလ်၏ လက်ရှိစာချုပ်မှာ ၂၀၂၆ တွင် ကုန်ုဆုံးမည်ဖြစ်သည်။

ယင်းအနေအထားတွင် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ဒီပေါလ်ကို ယူရို (၂၅)သန်း ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် အက်သလက်တီကို နည်းပြ ဆီမြွန်နီသည် ဒီပေါလ်ကို အသင်း၏အဓိက ကစားသမားအဖြစ် သတ်မှတ်ထားပြီး ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။

ထို့ကြောင့် အက်သလက်တီကိုအသင်းသည် ဒီပေါလ်အတွက် ဝက်စ်ဟမ်းအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

ဒီပေါလ်သည် ၂၀၂၂ တွင် စီးရီးအေကလပ် အူဒီးနီးစ်မှ အက်သလက်တီကိုသို့ ယူရို(၃၆)သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group