
မန်စီးတီးအသင်းသည် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ် ကို အငှားဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
ဘရာဇီးလ်လက်ရွေးစင်ဖြစ်သူ ဒူးဂလပ်စ်လူးဝစ်ဇ်သည် အသက်၂၄ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အက်စတွန်ဗီလာမှ ဂျူဗင်တပ်စ်သို့ ယူရိုသန်း(၅၀) ဖြင့် ပြောင်းရွှေ့ခဲ့သည်။
သို့သော် ဒူးဂလပ်စ်လူးဝစ်ဇ်သည် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၈) ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ဒူးဂလပ်စ်လူးဝစ်ဇ်အား ရာသီဝက်အငှားဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်း၏ အသင်းဖော်ဖြစ်သည့် အီတလီနောက်ခံကစားသမား ကမ်ဘီယာဆိုကိုလည်း ခေါ်ယူလိုနေကြောင်း သိရသည်။
ကမ်ဘီယာဆိုမှာမူ ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိင်ပွဲစုံ ၂၈ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူထားသည်။