
PSG တိုက်စစ်ကစားသမား ဒမ်ဘီလီသည် ဘရက်စ်အား အနိုင်ရသည့် ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် အသင်းသမိုင်းတွင် (၂) ပွဲဆက် ဟက်ထရစ်သွင်းသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ဒမ်ဘီလီ(၂၇ နှစ်)သည် ဇန်နဝါရီ (၂၉)ရက်က စတုဂတ်ကို (၄-၁)ဂိုး ဖြင့် အနိုင်ရသည့်ချန်ပီယံလိဂ်အဝေးကွင်းပွဲတွင် ဟက်ထရစ်(၃ ဂိုး)သွင်းယူခဲ့သလို၊ ဖေဖော်ဝါရီ (၁) ရက်က ဘရက်စ်အသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရသည့် လီဂူး-၁ အဝေးကွင်းပွဲစဉ်တွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ဒမ်ဘီလီသည် PSG အသင်းသမိုင်းတွင် မက်ဆီ၊ နေမာ၊ ဘာပေ၊ အီဘရာဟီမို ဗစ်၊ ကာဗာနီ၊ ရော်နယ်လ်ဒင်ဟိုတို့လို ကမ္ဘာကျော်ကစားသမားများပင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် စံချိန်တစ်ခုကိုလည်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒမ်ဘီလီ သည် ၂၀၂၃ တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ယူရိုသန်း (၅၀)ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၆၈)ပွဲတွင် (၂၅)ဂိုးသွင်းထားသည်။