Eleven Media Group

လူငယ်ကြယ်ပွင့် ဂါဗီအား ချုပ်ဆိုခဲ့သည့် နှစ်ရှည်စာချုပ်တွင်  ယူရို (၁) ဘီလီယံတန် လျော်ကြေးကိုပါ ဘာစီလိုနာအသင်း ထည့်သွင်းထား

Photo: Barcelona

ဘာစီလိုနာအသင်းသည် အသင်းလူငယ်ကြယ်ပွင့် ဂါဗီအား ၂၀၃၀ ခုနှစ် အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်တွင် ယူရို (၁) ဘီလီယံတန်လျော် ကြေးကိုပါ ထည့်သွင်းထားကြောင်း သိရှိရသည်။

အသက် (၂၀) အရွယ်ရှိ စပိန်လက်ရွေးစင်လူငယ်ကွင်းလယ်ကစားသမား ဂါဗီသည် လာမာစီယာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယခင်စာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် ၎င်းကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ခေါ်ယူလိုသည့်အသင်းများအတွက် လျော်ကြေးကိုလည်း ယူရို (၁) ဘီလီယံအထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဘာစီလို နာအသင်းသည် အသင်း၏ အခြားစပိန်လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်သည့် ပတ်ဒရီကိုလည်း ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားသည်။ ဘာစီလိုနာအသင်းသည် ဂါဗီနှင့် ပတ်ဒရီတို့အား အသင်း၏အဓိကကစားသမား အဖြစ်သာမက အနာဂတ်အဖြစ်ပါ ရှုမြင်ထားပြီး ယခုကဲ့သို့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းနောက်ခံလူ အာရူဟိုကို လည်း ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group