
ချယ်လ်ဆီး နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ဝက်စ်ဟမ်းအသင်းနည်းပြ ဂရေဟမ်ပေါ်တာအတွက် အသင်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့ရမှာဖြစ်သလို၊ သူ့ တပည့်ဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရမှာလည်းဖြစ်တယ်။ ပေါ်တာလက်ထက်မှာ ဝက်စ်ဟမ်းရဲ့ ကစားဟန်က ပြောင်းသွားပေမယ့် ရလဒ်ပိုင်းက အရမ်းတော့ တက်မလာသေးဘူး။ ချယ်လ်ဆီးကလည်း စိတ်သိပ်မချရတဲ့အသင်းပါ။ ဒါပေမဲ့ ခြေစွမ်းနဲ့ တိုက်စစ်ကတော်တော်လေးကောင်းတယ်။ ချယ်လ်ဆီး ကပ်နိုင်မယ်။
ကာဂလီယာရီ နှင့် လာဇီယို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
လာဇီယိုအသင်းက ကာဂလီယာရီနဲ့ နောက်ဆုံးတွေ့ဆုံမှု လေးပွဲဆက် အနိုင်ရခဲ့တယ်။ ဒါ့အပြင် (၁၉)ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့ဘဲ (၁၆)ပွဲအထိ အနိုင်ကစားခဲ့တာပါ။ အစဉ်အလာအားဖြင့် လာဇီယိုက အပြတ်အသတ်သာနေတယ်။ ဒီပွဲကိုလည်း လာဇီယို အနိုင်ကစားဖို့များတယ်။
ဂျီရိုနာ နှင့် လက်စ်ပါမားစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
ချန်ပီယံလိဂ်လည်း အဆုံးသတ်သွားပြီးဆိုတော့ လာလီဂါဘက်ကို ဂျီရိုနာ အပြည့်အဝပြန်လှည့်လာတော့မှာ ဖြစ်တယ်။ လက်စ်ပါမားစ်ကလည်း ခုတလော အဝေးကွင်းမှာ ခံစစ်လျော့ပြီး ဂိုးတွေပေးနေရပုံနဲ့တော့ အိမ်ရှင်တိုက်စစ်ကို တားဆီးဖို့ မဖြစ်နိုင်ဘူး။ ဂျီရိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။