
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် ဘုန်းမောက်နှင့်ပွဲတွင် ၎င်း၏ အရည်အသွေးကို ထပ်မံပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။
''ဒုတိယဂိုးက အသင်းနှစ်သင်းရဲ့ ကြားမှာ ခြားနားမှုဖြစ်သွားစေခဲ့ပါတယ်။ အဲဒါက လွယ်ကူတဲ့ အခွင့်အရေးမဟုတ်ပေမဲ့ ဆာလာက ပိုက်ထဲရောက်အောင် ပို့ခဲ့ပါတယ်။ ဒါဟာ သူ့မှာ အရည်အသွေးဘယ်လောက်ရှိသလဲဆိုတာ ပြသလိုက်တာပါပဲ''ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။
ဆာလာသည် ယင်းပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်တွင် (၁၁)ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် (၁၀)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်အသင်း (၇)သင်းအထိ ရှိသွားခဲ့ပြီဖြစ်သည်။
ယင်းကဲ့သို့ ၎င်းထက် ပိုသွင်းနိုင်သည့်ကစားသမားမှာ အလန်ရှီးယားတစ်ဦးတည်းသာရှိပြီး အသင်း (၁၂)သင်းကို (၁၀)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။