
ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ရိုဒရီဂိုသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဆော်ဒီမှကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရှိရသည်။
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် အသင်းနှင့်လမ်းခွဲခဲ့သည့် ဘရာဇီးလ်ကြယ်ပွင့် နေမာ၏နေရာတွင် အစားထိုးရန်အတွက် ရိုဒရီဂိုအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀၀) နှင့် တစ်နှစ်လစာ ယူရိုသန်း (၁၄၀) ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော် အယ်လ်ဟီလာအသင်း၏ အဆိုပါကမ်းလှမ်းမှုကို ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂို(၂၄ နှစ်)က ငြင်းဆန်ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း El Chiringuito က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းဘက်ကလည်း အယ်လ်ဟီလာအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။
ရိုဒရီဂိုသည် ယခုရာသီတွင် ရီးယဲလ်အတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၂၉) ပွဲတွင် (၁၃) ဂိုးသွင်းယူထားသည်။