
အက်စတွန်ဗီလာမှ အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး အယ်လ်နာဆာက ငွေကြေးကြောင့် ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ဟု ဆိုခဲ့သည်။
ဒူရန်(၂၁ နှစ်)သည် အက်စတွန်ဗီလာအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် ဥရောပထိပ်သီးအသင်းအချို့၏ စိတ်ဝင်စားခြင်းခံခဲ့ရသော်လည်း အယ်လ်နာဆာသို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်းသည်။
ဒူရန်သည် အယ်လ်နာဆာအသင်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုပြီး စုစုပေါင်းလစာ ယူရိုသန်း(၁၁၀)ရရှိမည်ဖြစ်သည်။
သို့သော် ဒူရန်က '' ငွေကြောင့် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ရွေးချယ်မှုကို ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲ့အေးဂျင့်ပဲ သိပါတယ်'' ဟု ပြောကြားခဲ့သည်။
အယ်လ်နာဆာအသင်းတွင် စီရော်နယ်လ်ဒိုနှင့် တွဲကစားရမည့် အခြေအနေကိုလည်း ''သူက ကျွန်တော့်ကို အများကြီးသင်ကြားပေးနိုင်မယ့်သူပါ'' ဟု ပြောကြားခဲ့သည်။