
နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရီးယဲလ်နှင့် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် တိုက်စစ်မှူးအဖြစ် မည်ကဲ့သို့ ကစားရမည်ကို မသိရှိဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက ဘာပေသည် ရီးယဲလ်အသင်းတွင် အောင်မြင်မှုရရှိမည်ဖြစ်သော်လည်း ၎င်းသည် တိုက်စစ်မှူးအဖြစ် ကစားတတ်သူမဟုတ်သောကြောင့် ရီးယဲလ်အသင်းနှင့် ပရိသတ်များက ၎င်းအပေါ် နားလည်ပေးရန် လိုအပ်သည်ဟု ဆိုခဲ့သည်။
''ကျွန်တော်သာ ရီးယဲလ်မှာဆိုရင် သူ့ကို နံပါတ် (၉) တိုက်စစ်မှူးအဖြစ် ဘယ်လိုကစားရမလဲဆိုတာ သင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တိုက်စစ်မှူးမဟုတ်ပေမဲ့ တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာကြောင့်ပါ''ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရီးယဲလ်အသင်းသို့ ပြန်နိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။
''ကျွန်တော် ဖလော်ရန်တီနို(ပီရက်ဇ်)နဲ့ အဆက်အသွယ် ရှိနေတုန်းပါပဲ။ တစ်နေ့နေ့မှာ ဒီအသင်းရဲ့အစိတ်အပိုင်း ပြန်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် မငြင်းဆန်ပါဘူး''ဟု စီရော်နယ်လ်ဒိုက ဖွင့်ဟခဲ့သည်။
စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် စာချုပ်သက်တမ်းတိုးမည့်သတင်းများ ထွက်ထားသော်လည်း လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
၎င်းအနေဖြင့် ရီးယဲလ်အသင်းကို ကစားသမားဘဝအနားယူမှသာ အခြားရာထူးတစ်ခုခုဖြင့် ပြန်ရောက်ဖွယ်ရှိနေသည်။