
◘ အက်သလက်တီကို - ဂီတာဖေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၃းဝ၀ နာရီ)
အက်သလက်တီကိုအသင်းက ဒီရာသီ ပြည်တွင်းပွဲတွေမှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအိမ်ကွင်း (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၈)ပွဲအထိ အနိုင်ကစားခဲ့တယ်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက နောက်ပိုင်းပွဲတွေမှာ အယ်လ်ဗာရက်ဇ်နဲ့ ဂရီးဇ်မန်းတို့ကို မတွဲဘဲ တစ်လှည့်စီသုံးနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အက်သလက်တီကို ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
◘ အတ္တလန်တာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၂း၃၀ နာရီ)
ဘိုလော့ဂ်နာအသင်း ချန်ပီယံလိဂ်က ထွက်လိုက်ရပြီဖြစ်လို့ ပြည်တွင်းပွဲတွေကို ပိုအားစိုက်ကစားလာနိုင်တယ်။ လတ်တလောရလဒ်ပိုင်းကလည်း အတ္တလန်တာအသင်းထက် ပိုသာလွန်တဲ့အနေအထားပါ။ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်းကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပြီး နောက်ဆုံးတွေ့ဆုံမှု လေးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ အတ္တလန်တာအသင်းကတော့ ပြီးခဲ့တဲ့ရာသီ ကိုပါအီတာလီယာဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ဂျူဗင်တပ်စ်ကို အရေးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်တယ်။ အိမ်ကွင်းလည်းဖြစ်လို့ အတ္တလန်တာ အနိုင်ကစားမယ်ထင်တယ်။
◘ စတုဂတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၂း၁၅ နာရီ)
စတုဂတ်အသင်းက နောက်ဆုံးတွေ့ဆုံမှု (၆)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအထိ အနိုင်ကစားခဲ့တယ်။ စတုဂတ်အနေနဲ့ ချန်ပီယံလိဂ်ကလည်း ပြုတ်သွားပြီဖြစ်လို့ ပြည်တွင်းဖလားပွဲကို ပိုပြီးအာရုံစိုက်ခွင့် ရသွားခဲ့တယ်။ စတုဂတ် အနိုင်သေချာပါတယ်။