မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ် ပူးတွဲပိုင်ရှင်တစ်ဦးအဖြစ် ရင်းနှီးမြှုပ်နှံထားတဲ့ George's ဆိုတဲ့ စားသောက်ဆိုင်လေး ပိတ်လိုက်ပြီ ဆိုတဲ့သတင်းကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူပြောများခဲ့ပါတယ်။ ဒါက ရိုင်ယန်ဂစ်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခု ဖြစ်နေတာကြောင့် သူ့ပရိသတ်တွေအတွက်လည်း ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။

အဲဒီစားသောက်ဆိုင် လေးက မန်ချက်စတာမြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ ဝေါ့စလေဆိုတဲ့ ရွာလေးမှာ ဖွင့်လှစ်ထားတာပါ။ ရိုင်ယန်ဂစ်က သူ့ရဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း နှစ်ဦးဖြစ်တဲ့ ကယ်လ်ဗင်ဂရီဂိုရီ၊ ဘာနီတေလာတို့နဲ့ အတူ ၂၀၁၄ ခုနှစ်မှာ စပ်တူဖွင့်လှစ်ခဲ့ခြင်းဖြစ်တာကြောင့် သက်တမ်းက ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပါပြီ။
နှစ်ပေါင်း(၃၀)လောက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ငယ်ဘဝအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာပါ။ ဒါပေမဲ့ ဇန်နဝါရီ(၃၁)ရက်နေ့က ဆိုင်လေးကို ရောက်လာသူတွေကတော့ ထင်မှတ်မထားတဲ့ ငွေကြေးအခြေအနေကြောင့် စားသောက်ဆိုင်လေးကို ပိတ်လိုက်ရပါတယ်ဆိုတဲ့ အသိပေးစာနဲ့သာ ရင်ဆိုင်ခဲ့ကြရပါတယ်။
စားသောက်ဆိုင်ဝန်ထမ်းတွေအနေနဲ့လည်း သူတို့ကို အလုပ်က ထုတ်ပယ်လိုက်ပြီဆိုတာ စာပေးပို့အကြောင်းကြားခြင်းနဲ့သာ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဝေါ့စလေရွာလေးရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သလို၊ George's ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ ဂါရီဒိုကတော့ ပိုင်ရှင်သစ်ပြောင်းလဲပြီး စားသောက်ဆိုင်ပြန်လည်ဖွင့်လှစ်ဖို့ မျှော်လင့်ကြောင်းနဲ့ ဝန်ထမ်းတွေကို အလုပ်အကိုင်ပြန်ရစေလိုကြောင်း ပြောကြားခဲ့ပါတယ်။