Eleven Media Group

ဘိုလော့ဂ်နာအား ရှုံးနိမ့်ပြီး ကိုပါအီတလီဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် နိမ့်ကျမှုနှင့် ရင်ဆိုင်နေရကြောင်း အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီ ဝန်ခံ

Photo: Getty Images

အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီက ဘိုလော့ဂ်နာအသင်းအား ရှုံးနိမ့်ပြီး ကိုပါအီတာလီယာဖလား ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် မိမိတို့အသင်းသည် လက်ရှိတွင် နိမ့်ကျမှုနှင့်ရင်ဆိုင်နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။

အတ္တလန်တာအသင်းသည် ဖေဖော်ဝါရီ (၄) ရက်က ကစားခဲ့သည့် ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘိုလော့ဂ်နာအသင်းအား အိမ်ကွင်းတွင် (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အတ္တလန်တာအသင်းသည် ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး နိုင်ပွဲများ ရရှိရန် ရုန်းကန်နေရကာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀) ပွဲတွင် (၂) ပွဲသာ အနိုင်ရခဲ့သည်။

ထို့ြ့ပင် အတ္တလန်တာအသင်းသည် ဘိုလော့ဂ်နာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲစုံနောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ယခုအခါ အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီက "Set-pieces ကနေ ဂိုးတွေပေးနေရတာကို ကျွန်တော်တို့ မပြင်နိုင်သေးပါဘူး။ လက်ရှိမှာ ကျွန်တော် တို့ ရုန်းကန်နေရပြီး ရာသီအစကလို စွမ်းဆောင်နိုင် ခြင်းမရှိပါဘူး။ အသင်းတိုင်းမှာ နိမ့်ကျတဲ့အချိန် ရှိပါ တယ်။ အခု ကျွန်တော်တို့ နိမ့်ကျမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒါက ယာယီပါပဲ"ဟု ဆိုခဲ့သည်။ အတ္တလန်တာသည် စီးရီးအေတွင်လည်း ဇယားထိပ်မှ နာပိုလီနှင့် (၇) မှတ်အထိ ကွာဟနေသည်။

မူရင်းသတင်း — Eleven Media Group