Eleven Media Group

လိဂ်ဖလား၊ ပြင်သစ်ဖလားနှင့် စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်

Photo: AFP

လီဗာပူးလ် နှင့် စပါး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

စပါးအသင်းက နောက်ဆုံးကစားထားတဲ့ (၄)ပွဲမှာ (၃)ပွဲအထိ အနိုင်ကစားပြီး အခြေအနေပြန်ကောင်းနေပါတယ်။ လီဗာပူးလ်အသင်း ပထမအကျော့ကလို မဟုတ်တော့ဘဲ အဓိကကစားသမားတွေနဲ့ပဲ ပွဲထွက်လာဖို့များတယ်။ လီဗာပူးလ်ရဲ့ ဒီရာသီ အိမ်ကွင်းမှတ်တမ်းကလည်း နော်တင်ဟမ်ဖောရက်စ်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာကလွဲလို့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ လက်ရှိအနေအထားအရ စပါးက လီဗာပူးလ်အသင်းနဲ့ယှဉ်ရင် အဖက်ဖက်က နိမ့်နေတယ်။ ဒါပေမဲ့ ဒီထက်ဆိုးတဲ့အနေအထားမှာပဲ ပထမအကျော့က အနိုင်ကစားခဲ့တာကို မေ့ထားလို့ မရပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ ပထမအကျော့ရလဒ်ကို ချေဖျက်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်း စပါးကို သုံးဂိုးလောက်အထိ မပြတ်နိုင်ဘူး။

ဂျယ်လီယူ နှင့် Reims (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပဥ္စမတန်းကလပ်ဖြစ်တဲ့ ဂျယ်လီယူကို Reims ဂိုးပြတ် သွင်းလိမ့်မယ်။

ဆိုစီဒက် နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)

လောလောလတ်လတ် လာလီဂါပွဲမှာ တွေ့ဆုံထားခဲ့ပြီး အိုဆာဆူနာအသင်းက အနိုင်ကစားခဲ့တယ်။ အိုဆာဆူနာက ပြီးခဲ့တဲ့အဆင့်မှာလည်း လက်ရှိချန်ပီယံ ဘီလ်ဘာအိုအသင်းကို အဝေးကွင်းမှာ ဖြုတ်ချထားခဲ့ပြီး လက်ရှိ ခြေစွမ်းပိုင်းအရလည်း ဆိုစီဒက်ကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ ဆိုစီဒက်အသင်း ဖလားအစဉ်အလာ ပိုရှိပေမဲ့ အိုဆာဆူနာနဲ့ပဲ စွန့်စားတာ ပိုကောင်းမယ်။

ဗလင်စီယာ နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၃းဝ၀ နာရီ)

မကြာသေးခင်က လာလီဂါတွေ့ဆုံမှုမှာ ဘာစီလိုနာအသင်းက ဂိုးဒါဇင်ဝက်ကျော်သွင်းကာ ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဘာစီလိုနာအသင်း ရလဒ်ပိုင်း ပြန်မှန်လာပေမဲ့ ဂိုးသွင်းနှုန်းကတော့ အတက်အကျများတယ်။ ဒါပေမဲ့ တိုက်စစ်က လီဝန်ဒေါစကီး၊ ယမားလ်နဲ့ ရာဖင်ညာတို့အပြင် အရန်အင်အားလည်းတောင့်လို့ နည်းပြ ဟန်ဆီဖလစ်ခ်အနေနဲ့ အပြောင်းအလဲလုပ်နိုင်စွမ်း ရှိပါတယ်။ လာလီဂါမှာ တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဗလင်စီယာအသင်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ပြန်ကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ ဘာစီလိုနာကို ဒုက္ခပေးနိုင်မယ်မထင်ဘူး။ ဘာစီလိုနာကိုပဲ ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group